Home
လွတ်မြောက်နယ်မြေတနေရာ၌ (၂၂) နှစ်မြောက် ဖုန်းမော်နေ့ အခမ်း အနား ကျင်းပ PDF Print E-mail
Monday, 15 March 2010 02:06

မတ်လ (၁၃) ရက် စနေနေ့တွင် လွတ်မြောက်နယ်မြေတနေရာ၌ (၂၂) နှစ်မြောက် ဖုန်းမော်နေ့ အခမ်း အနား ကျင်းပသည်။ အခမ်းအနားတွင် နံနက် (၁၀) နာရီမှ (၁၁) နာရီအထိ ကွယ်လွန်သူ ရဲဘော်ဖုန်းမော်နှင့် တကွ ဒီမိုကရေစီတိုက်ပွဲအတွင်း ကျဆုံးခဲ့ကြသူများအတွက် ရေစက်ချတရားနာသည်။ နံနက် (၁၁) နာရီမှ (၁၂) နာရီအထိ ဖုန်းမော်နေ့ ဖြစ်မြောက်ရေးကော်မတီက အခမ်းအနား တက်ရောက်လာသူများကို အကျွေးအ မွေးဖြင့် တည်ခင်းဧည့်ခံသည်။ ထို့နောက် နေ့လည် (၁၂) နာရီ ညနေ (၅) နာရီအထိ အခမ်းအနားတက် ရောက်လာကြသည့် အဖွဲ့အစည်းအသီးသီးမှ ပုဂ္ဂိုလ်များ၊ တသီးပုဂ္ဂလ တက်ရောက်လာကြသူများက လက်ရှိ မြန်မာ့နိုင်ငံရေးအခြေအနေနှင့် ပတ်သက်၍ လွတ်လပ်ပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

အခမ်းအနားအပြီးတွင် လက်ရှိနိုင်ငံရေးအခြေအနေအရ “အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ရွေးကောက်ပွဲအ နိုင်ရ တိုင်းရင်းသားပါတီများ ပါဝင်ဖွဲ့စည်းထားသည့် ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPP) ကို လည်းကောင်း (သို့မဟုတ်) တာဝန်သိသည့် တာဝန်ရှိသည့် ၁၉၉၀ ပြည့်နှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲမှ ရွေးချယ်တင်မြှောက်ခြင်းခံရသည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များကိုလည်းကောင်း ပြည်သူ့အစိုးရတ ရပ် အမြန်ဆုံးဖွဲ့စည်းရန် တိုက်တွန်းကြောင်း၊ ပေါ်ပေါက်လာမည့် ပြည်သူ့အစိုးရကို တခဲနက် ထောက်ခံအား ပေးမည်ဖြစ်ကြောင်း” ကြေညာချက်ထုတ်ပြန်ကာ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။ ဆက်သွယ်မေးမြန်းလိုသူများ ဖုန်းမော်နေ့အခမ်းအနား ဖြစ်မြောက်ရေးကော်မတီဝင်များဖြစ်သည့် ကိုသံဒုတ် (၀၈၆၁၁၉၈၀၉၁)၊ မန်းစိန် ဟန် (၀၈၁၉၇၃၁၉၈၂) နှင့် ကိုမင်းဇော် (၀၈၇၈၄၀၈၅၀၅) တို့ထံ ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရသည်။

 
“ အလွမ်းရင့် ” PDF Print E-mail
Sunday, 14 March 2010 07:55

       မပြေလည်မွန်းကြပ်တဲ့သ၀ကိုစွန့်ခွာ
       အိပ်ယာအသစ်ကိုရှာဖို့ကြိုးစားနေသူပါ
       ပျော်ရာမှာမနေရပဲ
       တော်ရာမှာနေရတဲ့ဘဝ
       လရှည်နှစ်များစွာနဲ့
       အလွမ်းတွေရင့်နေပေမယ့်
       ယုံကြည်ချက်ကိုခိုင်မြဲစွာဆုပ်ကိုင်ထားနိုင်လို့
       အာဏာရှင်တို့ရဲ့ စစ်ဖိနပ်အောက်ကို
       ဘယ်တော့မှ ဒူးထောက်မ၀င်ဘူ့း့   ။
       သာမန်အညတြတယောက်ဖြစ်ပေမယ့်
       ဝေးဝေးကိုမြင်နိုင်ဖို့အတွက်
       မျက်စေ့စုံဖွင့်၊နားကုန်စွင့်လို့
       အမြင့်ကပဲပျံနေမှာပါ
       အန္တရာယ်တွေတွေ့ခဲ့၇င်တော့
       အသင့်ပြင်ထားနိုင်ဖို့
       သွေးချင်းညီသူတွေကိုအကြောင်းကြားပေးမပေါ့  ။
       ဖုတ်ဝင်စီးခံနေရတဲ့ မိစ္ဆာတွေကြားမှာ
       အန္တရာယ်တွေများလှပေမယ့်
       ဥာဏ်သတိနဲ့ယှဉ်ကာ
       ရောင်နီတွေယှက်ဖြာသန်းတဲ့
       အာရုံဦးနေ့သစ်တွေဆီမရောက်မခြင်း
       အလွမ်းရင့်တွေကိုမြိုသိပ်ကာ
       မနားတမ်းပဲခရီးဆက်နေမယ့့်  ။

  
                                                         ဇာနည်မောင်

 
ယနေ့ မြန်မာ့ရေးရာ သတင်းများ (Mar 12th, 2010) PDF Print E-mail
Saturday, 13 March 2010 08:55
20100312yyn
 
တိုက်ပွဲဝင်ရန် ဦးဝင်းတင် မွေးနေ့စကားပါး PDF Print E-mail
Saturday, 13 March 2010 08:37
 
ဒီမိုကရေစီ အင်အားစုများ အနေဖြင့် စစ်အစိုးရ၏ ဖိနှိပ်မှုများကို တုံ့ပြန် ဆန့်ကျင် တိုက်ပွဲဝင်ကြရန် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ခေါင်းဆောင် တဦးဖြစ်သူ ဦးဝင်းတင်က ၎င်း၏ အသက် ၈၀ ပြည့် မွေးနေ့တွင် တိုက်တွန်း ပြောဆို လိုက်သည်။

ယခုအချိန်သည် ဒီမိုကရေစီ အင်အားစုများအတွက် အမွန်းကျပ်ဆုံး ကာလဖြစ်ကြောင်း၊ စစ်အာဏာရှင်များက လူထုတရပ်လုံးကို  လိမ်လည် လှည့်ဖျား၍ ဖိနှိပ်အုပ်စိုးထားကြောင်း ၎င်းက မွေးနေ့ အမှတ်တရ စကားတွင် ဖော်ပြထားသည်။

ဦးဝင်းတင်က “ကျနော်မသေခင်တော့ စစ်အာဏာရှင် စနစ်ကို ဖြိုဖျက်ရေးအတွက် လုပ်နိုင်တဲ့နေရာကနေ လုပ်သွားမယ်၊ လုပ်လို့ရတဲ့သူနဲ့ ပူးပေါင်းလုပ်မယ်။ ဘယ်ပါတီ၊ ဘယ်အဖွဲ့စည်းရယ်လို့ မဟုတ်ဘူး၊ ကျနော်တတ်နိုင်သမျှ၊ တတ်စွမ်းသမျှ လုပ်မယ်လို့ သံန္နိဌာန်ချထားတယ်” ဟု ဧရာဝတီသို့ ပြောသည်။

ဦးဝင်းတင်က ထောင်အတွင်းကျင်းပခဲ့ရသည့် သူ၏ မွေးနေ့ပွဲများတွင် တဦးတည်း စကားပြောကာ ဖြတ်သန်းခဲ့ရကြောင်း၊ ပုလင်းကွဲဖြင့် ထောင်နံရံနှင့် ကြမ်းပြင်ပေါ်တွင် ကဗျာများ၊ စာတိုပေစများကို ရေးသား ကုန်ဆုံးစေခဲ့ရကြောင်း ပြောပြသည်။

“ဆရာ့ရဲ့ ၈၀ ပြည့်မွေးနေ့ကတော့ အပြင်မှာ လွတ်လွတ်လပ်လပ် ကျင်းပခွင့်ရတာ ၀မ်းသာပါတယ်။ ဒါပေမယ့် နိုင်ငံရေး အခြေအနေအရ အကြီးမားဆုံး၊ အခက်ခဲဆုံးမှာ သူ ဦးဆောင်နေရတယ်။ လက်ရှိနိုင်ငံရေး အကျပ်အတည်းမှာ ဆရာ့ရဲ့ ဦးဆောင်မှုနဲ့ အကျပ်အတည်းကနေ လွန်မြောက်နိုင်ပါစေလို့ ဆုတောင်းပါတယ်”ဟု မြန်မာ့သတင်း သမဂ္ဂ (BMA) ဒုတိယ ဥက္ကဋ္ဌ ဦးဇင်လင်းက ဆိုသည်။

ဦးဝင်းတင်၌ ပုဂ္ဂိုလ်ရေး ပိုင်ဆိုင်မှု တစုံတခုမျှ မရှိကြောင်း၊ နိုင်ငံအပြောင်းအလဲအတွက် တာဝန်ရှိသည်ဟု ယူဆကာ သတင်းစာ ဆရာ ဘ၀မှ နိုင်ငံရေးသမားဘ၀သို့  ပြောင်းလဲခဲ့ကြောင်း NLD (လွတ်မြောက်နယ်မြေ) နိုင်ငံခြားရေးရာ ဌာနမှ ကိုမိုးဇော်ဦးက ဆိုသည်။

“ဦးဝင်းတင်ရဲ့ အကုန်လုံးကို စွန့်လွှတ် အနစ်နာခံပြီးတော့ ဆက်လုပ်နေတဲ့ စိတ်ဓာတ်ကတော့ တော်တော်ချီးကျူးဖို့ကောင်းတယ်၊ လေးစားဖို့ကောင်းတယ်။ ကျနော်တို့ အားလုံးအတွက် အတုယူဖို့ကောင်းတယ်” ဟု ကိုမိုးဇော်ဦးက ပြောသည်။

ဦးဝင်းတင် မွေးနေ့ အမှတ်တရ စကားတွင် မကြောက်တရား၊ သွေးစည်းညီညွတ်ရေး၊ စစ်အာဏာရှင် စနစ်ဆန့်ကျင်ရေးအတွက် ရည်မှန်းချက် ပန်းတိုင်ထားကာ ရင်ဆိုင် ချီတက်ရေး လက်နက်များကို ကိုင်စွဲ၍ တိုက်ပွဲဝင်သင့်ကြောင်းလည်း ပါရှိသည်။

နိုင်ငံတကာမှ ဦးဝင်းတင်ကို ချစ်ခင်လေးစားကြသူများက သူ၏ မွေးနေ့ အမှတ်တရစကားကို အင်တာနက် အီးမေးလ်များမှ တဆင့် ဖြန့်ဝေခဲ့ကြသည်။

 

 

 

 

 

 

 

 

ဦးဝင်းတင် (ဓာတ်ပုံ - ရိုက်တာ)

တချိန်တည်းမှာပင် ထိုင်းနိုင်ငံ အခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက်ရေး အသင်း (AAPP) က ဦးဝင်းတင်၏ ထောင်တွင်း အတွေ့အကြုံ များကို ရေးသား တင်ပြ ထားသည့် “ဘာလဲဟဲ့ လူ့ငရဲ” အမည်ရ စာအုပ်ကို ဖြန်ချိသွားမည် ဖြစ်သည်။

AAPP အတွင်းရေးမှူး ကိုတိတ်နိုင်က “ဆရာ ဦးဝင်းတင်ဟာ ထောင်ထဲမှာ ရက်ပေါင်း ၇၀၀၀ ကျော် နေခဲ့ပါတယ်၊ ထောင်ထဲမှာ တရက် တရက်ကို ဖြတ်သန်းဖို့ ခက်ခဲပါတယ်။ ဦးဝင်းတင်ရဲ့ စိတ်ဓာတ်နဲ့ ဖြတ်သန်းမှုကိုတော့ လေးလေး နက်နက်ကို တန်ဖိုးထား ဂုဏ်ယူတယ်၊ လေးစား အသိအမှတ် ပြုပါတယ်” ဟု ပြောသည်။

အဆိုပါစာအုပ်တွင် အခန်း ၁၀ ခန်းနှင့် ဆောင်းပါး ၄၂ ပုဒ်ပါရှိကာ စာအုပ်ဝယ်ယူလိုသူများ အနေနှင့် This e-mail address is being protected from spambots. You need JavaScript enabled to view it ကို ဆက်သွယ်နိုင်ကြောင်းသိရသည်။

၁၉၂၉ ခုနှစ် မတ်လ ၁၂ ရက်နေ့တွင် မွေးဖွားခဲ့သည့် သတင်းစာဆရာ တဦးလည်း ဖြစ်သော ဦးဝင်းတင်သည် ၁၉၈၈ ခုနှစ် ဒီမိုကရေစီရေး လှုပ်ရှားမှုတွင် ပါဝင်ခဲ့သဖြင့် ၁၉၈၉ ခုနှစ် ဇူလိုင်လတွင် အစိုးရ ဆန့်ကျင်သည့် နိုင်ငံရေးပုဒ်မတို့ဖြင့် ထောင်ဒဏ် အနှစ် ၂၀ ချမှတ် ခြင်းခံခဲ့ရပြီး ထောင်တွင်း၌ ၁၉ နှစ် ကျော်နေခဲ့ရသူ ဖြစ်သည်။ ၂၀၀၈ ခုနှစ် စက်တင်ဘာလ ၂၃ ရက်တွင် အင်းစိန်အကျဉ်းထောင်မှ ပြန်လည် လွတ်မြောက် လာခဲ့သည်။

ဦးဝင်းတင်သည် ဂုဏ်သိက္ခာရှိပြီး ရဲရင့်သူ တဦး ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ကလည်း မှတ်ချက်ပေးခဲ့ဖူးသည်။

ဦးဝင်းတင်ကို ၂၀၀၁ ခုနှစ်တွင် ယူနက်စ်ကို ဂွီလာရ်မို ကာနို ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ခွင့်ဆုနှင့် ကမ္ဘာ့ သတင်းစာများ အသင်းကြီးက လွတ်လပ်မှု ရွှေကလောင်ဆု၊ နယ်စည်းမခြား သတင်းထောက်များဖွဲ့နှင့် ပြင်သစ် ဖောင်ဒေးရှင်းများက ပူးတွဲ၍ လွတ်လပ်မှု ရွှေကလောင်ဆုများ ချီးမြှင့်ခဲ့သည်။
 
( ၂၂ )နှစ်မြောက် ကိုဖုန်းမော်နှစ်ပတ်လည် မြန်မာနိုင်ငံ လူ့ အခွင့်အရေးနေ့ နှင့် တံတားနီနှစ်ပတ်လည် PDF Print E-mail
Saturday, 13 March 2010 08:32

Please click on photo to ENLARGE!

22nd Anniversary of Burma Human Rights Day 20100312 22nd Phone Maw Day
 
ဇော်မိုးအောင် ၏ ကာတွန်းများ (၁) PDF Print E-mail
Saturday, 13 March 2010 08:30

Please click on photo to ENLARGE!

 
ဟံသာဝတီ ဦးဝင်းတင်ရဲ့ ထောင်တွင်းအတွေ့အကြုံ စာအုပ်ထွက်ရှိ PDF Print E-mail
Friday, 12 March 2010 11:08

သတင်းစာဆရာ ဟံသာဝတီ ဦးဝင်းတင်ရဲ့ စာမျက်နှာ ၃၁၈ မျက်နှာပါရှိပြီး ရက်ပေါင်း ၇၀၀၀ ကျော် ထောင်တွင်း အတွေ့အကြုံများကို ရေးသားတင်ပြထားတဲ့ 'ဘာလဲဟဲ့ လူ့ငရဲ' စာအုပ်ကို ဆရာကြီးရဲ့ အသက် (၈၀) ပြည့် မွေးနေ့ (၂၀၁၀ ခုနှစ် မတ်လ ၁၂ ရက်နေ့) မှာ စတင်ထုတ်ဝေ ဖြန့်ချိမှာ ဖြစ်ပါတယ်။

ဒီစာအုပ်ကို ဒီမိုကရက်တစ် မြန်မာ့အသံ က စီစဉ်ထုတ်ဝေပြီး နိုင်ငံရေး အကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) က တာဝန်ယူ ဖြန့်ချိမှာ ဖြစ်ပါတယ်။

ဒီစာအုပ်မှာ အခန်းငယ် ၁၀ ခန်းနဲ့ ဆောင်းပါးပေါင်း ၄၂ ပုဒ် ပါဝင်ပါတယ်။

ဆရာက မကြောက်တရားကို အခြေခံပြီး ထောင်တွင်း လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများကို ပွင့်ပွင့်လင်းလင်း မကွယ်မ၀ှက် ဖွင့်ချဖေါ်ပြထားပါတယ်။ ဒါ့အပြင် "ထောင်ကျတဲ့ နိုင်ငံရေးမလုပ်ဘူး၊ ထောင်ကျတဲ့ လှုပ်ရှားမှု မလုပ်ဘူးဆိုတဲ့ ထောင်ကြောက်တရားတွေဟာ ခေတ်အဆက်ဆက် နိုင်ငံရေးအတွက် ထောင်ချခံရသူတွေ ယုံကြည်ချက်အတွက် ထောင်ကျခဲ့သူတွေ၊ ပြည်သူ့ကောင်းကျိုးအတွက် ထောင်ကျခံရသူတွေ၊ လူထုအုံကြွမှုအတွက် ထောင်ကျခံရသူတွေ၊ အာဏာရှင်စနစ် ဆန့်ကျင်တွန်းလှန်ရေးအတွက် ထောင်ကျခံရသူတွေ၊ တော်လှန်ရေးတွေ၊ အရေးတော်ပုံတွေ လှုပ်ရှားမှုတွေအတွက် ထောင်ကျခံရသူတွေ၊ ထောင်ကျခဲ့ရသူတွေကို ရှုတ်ချတာပဲ၊ စော်ကားတာပဲ" ဆိုတဲ့ ဆရာရဲ့ ရဲရင့်ပြတ်သားတဲ့ အမြင်ကိုလည်း ဆရာ့ဆောင်းပါးတွေထဲမှာ တွေ့မြင်ရပါတယ်။

တနိုင်ငံလုံးကို ထောင်ချထားသလို ဖြစ်နေတဲ့ စစ်အစိုးရခေတ် မြန်မာနိုင်ငံမှာ ထောင်ကျတာဟာ အထူးအဆန်းမဟုတ်ကြောင်း၊ ထောင်ကြီးထဲကနေ နှိုင်းယှဉ်ချက်အရ ပိုမိုကျပ်တည်းတဲ့ ထောင်လေးထဲကို ရောက်သွားခြင်းသာ ဖြစ်တဲ့အတွက် ဘာမှကြောက်စရာမလိုကြောင်း ဆရာက သူ့ဆောင်းပါးတွေနဲ့ သူရဲ့ အမှာစာမှာ ဖေါ်ပြထားပါတယ်။

လူကိုသာ အကျဉ်းချထားလို့ရချင်ရမယ်၊ သူ့ရဲ့ ယုံကြည်ချက်နဲ့ ပြည်သူတွေကို ချစ်တဲ့စိတ်နဲ့ ဒီမိုကရေစီကို ချစ်တဲ့စိတ်တွေကိုတော့ ထောင်ချထားလို့ မရဘူးဆိုတဲ့ အချက်ကို ဆရာရဲ့ စာအုပ်တအုပ်လုံးမှာ တွေ့ရှိရမှာ ဖြစ်ပါတယ်။

စာအုပ်ဝယ်ယူလိုသူများဟာ This e-mail address is being protected from spambots. You need JavaScript enabled to view it သို့ ဆက်သွယ်မှာ ယူနိုင်ပါတယ်။
 
 
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(မြန်မာနိုင်ငံ)
ဆက်သွယ်ရန် ----- ကိုတိတ်နိုင် (အတွင်းရေမှုး)  +၆၆ (၀)၈၁ ၂ ၈၇ ၈၇၅၁
                       ကိုဘိုကြည် (တွဲဘက် အတွင်းရေးမှုး)   +၆၆ (၀)၈၁ ၃၂၄ ၈၉၃၅
 
Thanks N Regards,

U Aung Myo Thein

Assistant Association for Political Prisoners (Burma)
Contact: This e-mail address is being protected from spambots. You need JavaScript enabled to view it , This e-mail address is being protected from spambots. You need JavaScript enabled to view it
Web: http://www.aappb.org, http://www.fbppn.net, http://nd-burma.org

 
ဆိုးလ်ငြိမ်းချမ်းရေးဆုအတွက် မေတ္တာရပ်ခံချက် PDF Print E-mail
Friday, 12 March 2010 11:08

သို့
               Blogger ညီအစ်ကိုမောင်နှမ များခင်ဗျာ။
 
               ကျွန်တော်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ( ကိုရီးယားဌာနခွဲ ) ကပါခင်ဗျာ။ကျွန်တော်တို့ အခု အမေစုအတွက် ဆိုးလ်ငြိမ်းချမ်းရေး ဆုကို ရရှိနိုင်ရေးအတွက် အစွမ်းကုန် ကြိုးစားပြင်ဆင်နေကြပါတယ်ခင်ဗျာ။ လိုအပ်သောအထောက်အထား အချက်အလက်များ ဓါတ်ပုံမှတ်တမ်းများ ကို အကောင်းဆုံး
ဖြစ်အောင် ရှာဖွေနေပါတယ်ခင်ဗျာ။
               သို့ဖြစ်ပါ၍  Blogger ညီအစ်ကိုမောင်နှမများ ၏ အကူအညီမှာ အထူးလိုအပ်လျှက်ရှိပါသည်။ လိုအပ်လျှက်ရှိနေသော အထောက်အထား အချက်အလက်များ ဓါတ်ပုံမှတ်တမ်းများ ရှိလျှင်ကူညီစေချင်ပါတယ်။ ဆိုးလ်ငြိမ်းချမ်းရေးဆုရဲ့ အင်တာ နတ် စာမျက်နှာကို အောက်မှာ ဖေါ်ပြထားပါတယ်၊ အချိန်ရပါက ၀င်ရောက်လေ့လာပြီး လိုအပ်သလိုအကြံပေးနိုင်ပါတယ်ခင်ဗျာ၊ ကျနော်တို့ ချစ်ခင်လေးစားတဲ့ ခေါင်းဆောင်အနေနဲ့ သူနဲ့ ထိုက်တန်တဲ့ ဆုကို သေချာပေါက် ဆွတ်ခူးနိုင်အောင် ၀ိုင်းဝန်းကြိုးစားရင်း Blogger များရဲ့ သမိုင်းစာမျက်နှာသစ်တခုကို မော်ကွန်းတင်ကြရအောင်ပါ၊
 
http://www.seoulpeaceprize.or.kr/english/subm02.html
 
                                                                           လေးစားစွာမေတ္တာရပ်ခံအပ်ပါသည်။
                          
                                                                                      ပျံသန်းနေသောခွပ်ဒေါင်းတကောင်
                                                                                      http://www.flyingpeacock.blogspot.com/

 
ဗြဟ္မစိုရ်တရား လက်ကိုင်ထားမှ.. PDF Print E-mail
Friday, 12 March 2010 09:28

 
ဂလို ထောက်ခံပါတယ် PDF Print E-mail
Friday, 12 March 2010 10:57

Please click on photo to ENLARGE!

 
ဟိုးရှေးရှေးတုန်းက PDF Print E-mail
Friday, 12 March 2010 09:14

 
စစ်နှင့်နိုင်ငံရေး သေနင်္ဂဗျူဟာ တူရှူ စဉ်းစားချက် PDF Print E-mail
Friday, 12 March 2010 10:56

နအဖ ထုတ်ပြန်လိုက်တဲ့ ရွေးကောက်ပွဲဥပဒေက တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းကို ပိတ်ပစ်လိုက် တာဖြစ်တယ်။ ကျနော်တို့ ဘာလုပ်ရမယ်ဆိုတာကို နအဖ က ရွေးချယ်ပေးလိုက်ပြီ။


၁။ ရွေးကောက်ပွဲ (ကော်မရှင်) ဥပဒေတွေကို နည်းပေါင်းစုံနဲ့ ကန့်ကွက်ရမယ်။
(ရန်သူရဲ့ စစ်မဟာဗျူဟာကိုတိုက်ခိုက်ခြင်းဖြစ်တယ်)

၂။ ရွေးကောက်ပွဲ ၀င်မည့်ပါတီတွေ၊ တသီးပုဂ္ဂလတွေကို နည်းပေါင်းစုံနဲ့တားမြစ်ရမယ်။
(ရန်သူရဲ့ မဟာမိတ်များကိုဖြိုဖျက်ခြင်းဖြစ်တယ်)


၃။ ပြည်သူလူထုအနေနဲ့ ရွေးကောက်ပွဲမှာ ဘယ်သူ့ကိုမှ မဲမပေးကြဖို့ လှုံ့ဆော်ရမယ်။
(ရန်သူကို စိတ်ဓာတ်ရေးရာအရလွှမ်းမိုးခြင်းဖြစ်တယ်)

၎။ ရွေးကောက်ပွဲကို ပြည်တွင်းအင်အားစုတွေ၊ ပြည်ပအင်အားစုတွေ အားလုံးက သပိတ်မှောက်ရမယ်။
(ရန်သူရဲ့စည်းလုံးညီညွတ်မှုကိုဖြိုခွဲပြီး မိမိ အင်အားကို စည်းလုံးညီညွတ်စွာ တည်ဆောက်ခြင်းဖြစ်တယ်)

၅။ ရွေးကောက်ပွဲရဲ့ အနှစ်သာရ ကင်းမဲ့မှုကို နိုင်ငံတကာပြည်သူတွေ၊ အစိုးရတွေနဲ့ အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေကို တင်ပြရမယ်။
(ရန်သူ အဆင်သင့်မဖြစ်တဲ့နေရာတွေကို ရွေးပြီး  တိုက်ခိုက်ခြင်းဖြစ်တယ်၊ ရန်သူကို သံတမန်နည်းအရ ထိုးနှက်ခြင်းလည်းဖြစ်တယ်)

၆။ အထွေထွေ လူထုတိုက်ပွဲကြီးဆင်နွှဲနိုင်ဖို့ လှုံ့ ဆော်ရမယ်။
(ရန်သူစိတ်ရှုပ်ထွေးအောင်၊ အေးဆေးသက်သာ မနေနိုင်အောင် ..... အခွင့်အရေးတိုက်ပွဲတွေ၊ လူထုလူတန်းစား ဆန္ဒပြပွဲတွေ၊ ကျောင်းသားသပိတ်တွေ၊ အလုပ်သမား လယ်သမား လှုပ်ရှားမှုတွေဖော်ထုတ်ပြီး .... အထွေထွေသပိတ်ဆီကို ဦးတည်သွားနိုင်ဖို့ဖြစ်တယ်။)


ခင်မင်လေးစားစွာဖြင့်
သားဆွေ

 
More Articles...
<< Start < Prev 1 2 3 4 5 6 7 8 9 10 Next > End >>

Page 1 of 222

မျိုးချစ်မြန်မာ က ကြိုဆိုပါတယ်

ခုလို...အကြောင်းအမျိုးမျိုးနဲ့ 
နိုင်ငံရပ်ခြားမှာ ရောက်နေကြရပေမယ့်
အမိမြေကို လွမ်းဆွတ်ရင်း
မြန်မာတွေကို ချစ်တဲ့...
မြန်မာတွေရဲ့
မျှော်လင့်ရင်း နစ်မွန်းနေဆဲ ဘဝတွေက
လွတ်မြောက်စေချင်တဲ့စိတ်နဲ့
စာနာ နားလည် ပေးတတ်သူတိုင်း အတွက်
ရည်ရွယ်ပါတယ်။
လူအခွင့်ရေးအတွက် ဆက်တိုတ်ပွဲဝင်နေတဲ့
မျိုးချစ်မြန်မာ သူရဲကောင်းများကိုလဲ
ကျွန်တော့် အသက်ရှိနေသေးသ၍
ထောက်ခံအားပေးနေပါတယ်။
အပြုသဘောနဲ့ ဝေဖန် အကြံပေးမှုများကိုလည်း
အမြဲတမ်းကြိုဆိုပါတယ်။

"အမိမြန်မာပြည်ကြီးလဲ..
ချစ်တဲ့အမေစုနဲ့အတူ..
မကြာခင်လွတ်မြောက်နိုင်ပါစေ"

မျိုးချစ်မြန်မာ

Myo Chit Live (Webcasting)

Join Myo Chit Myanmar Fan Club

Contact Myo Chit

Myo Chit

President

Myo Chit Myanmar HD Media Production
California, USA
Phone - (310) 734-8310
Mon - Sat 10:00 AM - 7:00 PM PST
Please call only during business hour.

Can't read fonts?

Can't see Myanmar letters?

You need to install Zaw Gyi Font.
Already installed but still can't see yet?
Then you will need to remove the old fonts first.
Use both of these removers below and restart your PC.
Open C:/windows/fonts and make sure there is no ZawGyi fonts installed.
Vista user will need to install Key Board first
Download and unzip the file,
Open the folder and click on the file named setup
64 Bit version users need to choose a file accordingly
Then download and reinstall ZawGyi from below,
Then restart your PC again.

Enjoy!

Get ZawGyi Remover

Get Gtalk Add-In Remover

Get ZawGyi Blog day Version (Best)

Get ZawGyi Key Board For Vista

ဗိုလ်ချုပ်ပြောခဲ့တဲ့ စစ်သားဆိုတာ...

စစ်သားမဟုတ်ပေမယ့်
နိုင်ငံအတွက် အမျိုးမျိုးအနစ်နာခံ၊
အမျိုးမျိုးစွန့်စားလုပ်ကြတဲ့ လူတွေလည်း ရှိတာပဲ…
အဲဒါကြောင့်
စစ်သားမှ စစ်သားဆိုတဲ့
စိတ်ဓါတ်ကို ပြောင်းကြရမယ်။
ငါတို့ဟာ လက်နက်ကိုင်တွေ ဖြစ်ကြသော်လည်း
မတရားမလုပ်၊
နိုင်ငံရဲ့ ရန်သူတွေမဟုတ်၊
နိုင်ငံရဲ့ မိတ်ဆွေတွေဖြစ်တယ်ဆိုတာကို
သဘောပေါက်ရမယ်

(ဗိုလ်ချုပ်အောင်ဆန်း)

ခေတ်သစ် ဒို့ဗမာ

မြန်မာပြေသည် ဒို့ပြေ..
အောင်ဆန်းစုကြည် ဒို့အမေ…
မြန်မာစာသည် ဒို့စာ..
ခွပ်ဒေါင်းသွေးနဲ့ ရေးခဲ့တာ…
မြန်မာစကားသည် ဒို့စကား..
သန်းရွှေပြောတာမုသားပါ…

ဒို့အမေကို ချစ်ပါ..
ဘုန်းဘုန်းတွေကို စောင့်ရှောက်ပါ..
တပ်နဲ့ပြည်သူ ပူးပေါင်းပါ..
နအဖကိုတိုက်ထုတ်ပါ…

မျိုးချစ်

ငါတို့ အမေ

သံဝေဂ လင်္ကာ အသစ်

ပစ်တုန်းကလဲ တဲ့တဲ့ဘဲနော့
မြတ်သောသံယာ မရှောင်ပါဘူး
မေတ္တာချည်းနှည်း မိုက်လုံးကြီး

ပစ်ပြီးတော့လဲ မရှက်ဘဲပေါ့
ကမ္ဘာ့လယ်မှာ ဝန်မခံပါဘူး
သန်းရွှေခွေးကြီး သောက်ပြောကြီး

ဒီခွေးမသား ကံအားကောင်းစဉ် ချိန်လေးတွင်မှ
သင်္ဃန်းဝတ်ရုံ သွေးလွှမ်းခြုံခဲ့
မြင်ရာသတ်ဟ ထိုဒေါသနှင့်
နအဖတွင် ခွေးစိတ်ဝင်သည်
ငရဲပင်မေ့နေလေပြီလား

မျိုးချစ်

ပြည်သူ့သဘောထား (အစစ်)

လက်နက်အားကိုး မအေရိုး
သူခိုး အဖေခေါ်သူများအား ဆန့်ကျင်ကြ…

သာသနာတော်ပြန်လည်ထွန်းကားရေးနှင့်
သံဃာတော် များ၏ အရေးကို
သတ်ဖြတ်နှိမ်နင်းသူများအား ဆန့်ကျင်ကြ…

နိုင်ငံတော်၏ ပြည်တွင်းရေးကို
ဝင်ရောက်ကူညီ ဖြေရှင်းပေးသော
ပြည်ပနိုင်ငံများအား ဆက်သွယ်ကြ…

ပြည်တွင်းပြည်ပ ဘလော့ဂါများအား
မိတ်ဆွေစစ်အဖြစ် သတ်မှတ်လက်တွဲကြ…

မျိုးချစ်

အောင်ပွဲဆင်ဖို့ ထောင်ထဲဝင်စို့

အင်တာဗျူးများ

<a href="http://www.imeem.com/people/uC-QXqr/playlist/n2cbiqQU/interviews_music_playlist/">အင်တာဗျူးများ</a>

မျိုးချစ်၏သီချင်းများ

မြန်မာစံတော်ချိန်

C-BOX မှာ Register လုပ်ရန်

C-BOX မှာ Register လုပ်ရန်

ကျွန်တော်တို့နဲ့အတူ
ဝင်ရောက်ဆွေးနွေးလိုသူများ
သင့်အမည်ရင်း အပြည့်အစုံ နဲ့
နေထိုင်ရာ မြို့ နဲ့တိုင်းပြည်ကို ပြောပါ
သင်သုံးလိုတဲ့ user name ကို ရွေးပါ
မြန်မာလိုလဲရပါတယ်
password ကို English လို ရွေးပါ
ပြီးရင် myochitmyanmar@gmail.com ကို ပို့လိုက်ပါ
ကျွန်တော် ၂၄ နာရီအတွင်း activate လုပ်ပေးမှာပါ
registered user တွေ log in လုပ်တဲ့အခါ
သင့် user name ကို အရင်ရေးထည့်လိုက်ပါ
ပြီးမှ profile ကိုနှိပ်လိုက်ပါ
ပြီးရင် password ကိုထည့်လိုက်ပါ
ဒါပါဘဲဗျာ လွယ်ပါတယ်နော်…
အားလုံးကို ကျေးဇူးအထူးတင်ပါတယ်

မျိုးချစ်

Got G-Talk!

ZawGyi Converter

Visiting from another computer?

Can't read or install Zaw Gyi?

Just copy the letters you can't read
then paste them into this box

Wala!!!  :P

Enjoy!

စကားပြောခန်း

Watch DVB (Live)

DVB ရုပ်မြင်သံကြားအစီအစဉ် ကို လေလှိုင်းပေါ်မှနှင့် တစ်ပြိုင်ထဲ ကြည့်ရှုအားပေးနိုင်ကြပါပြီ
ဒါပေမယ့် အကြောင်းအမျိုးမျိုးကြောင့် အသံဖွင့်ပြီး နားမထောင်နိုင်သူများ အတွက် အသံကို ပိတ်ထားပါတယ်
အသံပါနားဆင်ချင်သူများကတော့ Mute Button လေးကို နှိပ်ပြီး Unmute လုပ်လိုက်ယုံပါဘဲ
Full Screen နဲ့ကြည့်ချင်တဲ့သူတွေ ဒီ Screen လေးပေါ်မှာ Right Click လုပ်ပြီး Zoom ကနေ Full Screen ကိုရွေးလိုက်ပါ

Click HERE to go to direct url.

အဆင်ပြေကြမယ်လို့ထင်ပါတယ်

မျိုးချစ်

ပြန်လည်ရှာဖွေရန်

မဂ္ဂဇင်းများ

မြန်မာ့ရေးရာ သတင်းဌာနများ

အနုပညာ ကွန်ယက်များ

ဘာသာရေး စာမျက်နှာများ

ပရဟိတ အဖွဲ့အစည်းများ

နည်းပညာဆိုင်ရာများ

မိတ်ဆွေ Blogger များ

Web Dictionary

Mr. Creator ၏ ထိုးနှက်ချက်များ

မျိုးချစ်မြန်မာ ရဲ့ ဧည့်သည်ဦးရေ

ကမ္ဘာတဝှန်းမှ မိတ်ဆွေများ

ခုဘယ်သူတွေရှိနေသလဲ

သိနေတယ်လေ