|
Thursday, 18 March 2010 09:49 |
|
20100317 Poliltical Party Registary Law
မှတ်ချက်။ ။ (၁၈)ရက်နေ့မှထွက်မည့်နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းနည်းဥပဒေများ ဖြစ်ပါတယ်။
ကြိုတင်ပေါက်ကြားလာခြင်းဖြစ်ပါတယ်။ ဦးဖေသန်းဝင်း (ထောက်လှန်းရေး) နှင့် တပည့်ရင်း တစ်ဦးမှ ဆင့်ပွားပေးပို့လာခြင်းဖြစ်တယ်လို့ တဆင့်သိရပါတယ် ။ |
|
Thursday, 18 March 2010 09:10 |
|


Please click on photo to ENLARGE!
မိတ်ဆွေ အပေါင်းတို့
ကိုသူရ ရဲ့ ရင်နှစ်သည်းခြာတဦးဖြစ်တဲ့ လူရွှင်တော်ပန်းသီး တယောက် ပြေးရင်းလွှားရင်း ရုန်းရင်းကန်ရင်းနဲ့ဘဲ ဇနီးသည် ဝင်းသီတာ က သားဦးရတနာလေးတယောက်ကို ပြီးခဲ့တဲ့ တနင်္လာနေ့ (၁၅) မနက် ကိုးနာရီကျော်မှာ မိခင်ရော ကလေးပါ ကျန်းမာစွာ ဖြင့် မွေးဖွားခဲ့ပါတယ်။
ပန်းသီးရဲ့ဇနီးသည် ဖြစ်သူဟာ NLD လူငယ် မျိုးဆက် တစ်ဦးလဲဖြစ်ပါတယ်။
သတင်းပေးပို့သူ - မိစိန်ကော့
ပန်းသီးရေ Congratulation နော် ကဲခုထဲက ပိုက်ဆံလေးစုပြီး Silencer ကောင်းကောင်းလေး နဲ့ 9MM ကောင်းကောင်းလေး ရှာဝယ်ထားပေတော့
မျိုးချစ် |
|
Thursday, 18 March 2010 09:04 |
နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေအမှတ်(၂/၂၀၁၀)အရ ရက်ပေါင်း ၆၀ (၂)လအတွင်း နိုင်ငံရေးပါတီများ မှတ်ပုံတင်ရတော့မယ်။ မှတ်ပုံတင်စာရင်းသွင်းမယ်ဆိုရင် ထောင်ကျနေတဲ့ အန်တီစုအပါ အ၀င် အခြားပါတီဝင်အချို့ကို ပါတီကထုတ်ပယ်ရတော့မယ်။ ၂၀၁၀ ရွေးကောက်ပွဲ ပါဝင်ယှဉ်ပြိုင်မယ်ဆိုရင် ရွှေဂုံတိုင်ကြေညာစာတမ်းလည်း အလိုအလျောက်ပျက်ပြယ်သွားပြီ၊ သို့သော် ကျွန်တော်တို့ပါတီလူကြီး များက ရွှေဂုံတိုင်ကြေညာစာတမ်းသည် ရာဇသံမဟုတ်၊ စစ်အစိုးရဘက်က တွေ့ဆုံဆွေးနွေးရေးတွေ ဖြစ်လာအောင် ထောင်ကျအကျဉ်းသားပါတီဝင်များ လွတ်လာစေဘို့ ဖိအားပေးတဲ့အနေနဲ့ လုပ်တာပါ၊ ဒီရွှေဂုံတိုင်ကြေညာစာတမ်းကို အလျှော့အတင်းလုပ်ပြီး ကစားဖို့လုပ်တာပါလို့လည်း ပြောဆိုကြတော့ ရွေးကောက်ပွဲဝင်မှာလား၊ ရွေးကောက်ပွဲမှာ ၀င်မပြိုင်ဘူးဆိုပြီး မှတ်ပုံမတင်ဘဲနေရင်လည်း ကျွန်တော်တို့ ပါတီဟာ တရားဝင်မှတ်ပုံတင်ထားခြင်းမရှိသော တရားမ၀င်ပါတီအဖြစ် သတ်မှတ်ခံရအုံးမယ်။ မှတ်ပုံတင်ပြီး ရွှေဂုံတိုင်စာတမ်းကို ကိုင်ဆွဲပြီး ရွေးကောက်ပွဲဝင်မပြိုင်ရင်လည်း အခြားပါတီများက ထောက်ခံမဲတွေရသွား လိမ့်မယ်၊ မှတ်ပုံတင်ရင်လည်း အန်တီစုကိုထုတ်ပယ်ရအုံးမယ်၊ အန်တီစုပါတီမဟုတ်တော့ရင် ကျွန်တော်တို့ ပါတီကို ပြည်ပနိုင်ငံတွေ အမေရိကန်နှင့် အီးယူ၊ သြစတြေးလျ၊ ဂျပန်တို့က ပံ့ပိုးကူညီကြဦးမှာလား၊ ပြည်တွင်းကပြည်သူတွေကရော ထောက်ခံကြမှာလား၊ ပြည်ပကမထောက်ပံ့ရင် ကျွန်တော်တို့ပါတီရဲ့ စည်းရုံးရေး၊ လူမှုရေးလုပ်ငန်းတွေ ဆက်ပြီးလည်ပတ်နိုင်ပါဦးမလား၊ တစ်ခုစဉ်းစားမိတာက အန်တီစု ထောင်ဒဏ်ချမှတ်ခံရတာ (၁)နှစ်(၆)လဆိုတော့ ထောင်ကလွတ်တဲ့အချိန်ကျရင် ပါတီဝင်ပြန်လျှောက် ခိုင်းပြီး ကျွန်တော်တို့ပါတီကို ဦးဆောင်ခိုင်းမှ ဆက်လက်ရပ်တည်နိုင်မယ်ထင်တယ်၊ ဒါကကျွန်တော်တို့ရဲ့ ဦးဏှောက်သေးသေးလေးနဲ့စဉ်းစားမိတာပါ၊ ဘာပဲပြောပြော တစညကို ၉၀ ခုနှစ်ကတည်းက အပြတ် အသတ်နိုင်လာတာ ၂၀၁၀ ရွေးကောက်ပွဲမှာ တစညကို ရှုံးသွားလို့တော့မဖြစ်ဘူး၊ ကျွန်တော်တို့ပါတီ ၀င်ပြိုင်မှ လွှတ်တော်မှာနေရာရပြီး အခြားမဟာမိတ်ပါတီတွေနဲ့ပေါင်းပြီး ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်လို့ရမယ်၊ ကျွန်တော်တို့က အန်တီစုကိုအားကိုးတယ်၊ ဘဘဦးတင်ဦးက မဆလလက်ထက်မှာလည်း ရုံးတက်ရင်တောင် မဆလ အလံကို အလေးပြုပြီိးမှ ရုံးတက်တယ်တဲ့၊ ဆိုရှယ်လစ်စိတ်ဓါတ်အရမ်း ပြင်းထန်တယ်လို့ မဆလ လူဟောင်းတိုင်းကပြောကြတယ်၊ အခုများတော့ ဦးတင်ဦး အကျယ်ချုပ်ကလွတ်ပြီး အန်အယ်လ်ဒီရုံးကို စတင်ရုံးတက်တဲ့နေ့က အန်အယ်လ်ဒီအလံကို အလေးပြုပြီးမှ ရုံးခန်းထဲဝင်တယ်၊ သူက ကျွန်တော်တို့ပါတီကို ဦးဆောင်ရင်တော့ ဦးဝင်တင်နဲ့တော့ အတွဲညီနေတာဘဲ၊ ဒါပေမဲ့ ဦးတင်ဦး ရဲ့သား သန့်ဇင်ဦးက အန်အယ်လ်ဒီ(LA)ဂျပန်မှာလှုပ်ရှားပြီး ဦးတင်ဦးကို ငွေကြေးတွေပံ့ပိုးပေးနေတော့ ဥပဒေနဲ့ ညီညွတ်ရဲ့လားဆိုတာ စဉ်းစားဖို့လိုမယ်ထင်တယ်၊ လူကြီးများက ကျွန်တော်တို့ထက် အတွေ့အကြုံ၊ အမြင် ပိုရှိကြပါတယ်။ ဒါကြောင့်မို့လို့ အန်အယ်လ်ဒီဗဟိုဦးစီးအဖွဲ့များ စဉ်းစားပေးကြပါလို့ ပြောချင်တာပါ။
မောင်ရေချမ်း(NLD အဖွဲ့ဝင်ဟောင်း) |
|
|
Wednesday, 17 March 2010 00:23 |
လွှတ်တော် ဖျက်သိမ်းပြီး ၀န်ကြီးချုပ် အဖိဆစ် ဝေ့ချာချီဝ နုတ်ထွက်ရန် တောင်းဆိုနေသည့် ဘန်ကောက်မြို့မှ အနီရောင်ဝတ် ဆန္ဒပြ သမားများက ယနေ့ ညနေ ၅ နာရီတွင် ထိုင်းအစိုးရရုံး အဆောက်အအုံ ၀င်ပေါက်ကို ၎င်းတို့၏ သွေးများဖြင့် ပက်ဖျန်းခြင်းဖြင့် ဆန္ဒပြပွဲ အရှိန်ကို မြှင့်တင်လိုက်ကြသည်။
ထိုင်းအစိုးရ ရုံးရှေ့ကို သွေးဖြင့် ပက်ဖျန်း နေကြသော အနီရောင်ဝတ် ဆန္ဒပြသူများ (ဓာတ်ပုံ - Reuters) “ဒါက ငြိမ်းချမ်းတဲ့ တိုက်ခိုက်မှု တခုပါ။ ၀န်ကြီးချုပ် အဖိဆစ်က ကျနော်တို့ရဲ့ သွေးတွေကို နင်းပြီး အစိုးရရုံးကို ရောက်အောင် သွားရဲလား ဆိုတာ ကျနော်တို့ မြင်ချင်ပါတယ်” ဟု ရှပ်နီအဖွဲ့မှ ခေါင်းဆောင် တဦး ဖြစ်သူ Weng Tojirakarnက ဆိုသည်။
ဝန်ကြီးချုပ် နုတ်ထွက်ပေးခြင်း မရှိပါက သူ၏ ဒီမိုကရက်တစ် ပါတီ ဌာနချုပ်ရှေ့ နှင့် သူ၏ အိမ်ရှေ့သို့ သွားရောက်ပြီး သွေးဖြင့် ပက်ဖျန်း ဦးမည်ဟု Weng Tojirakarnက ပြောသည်။
ယနေ့ နံနက် ၈ နာရီမှ စတင်ပြီး ဆန္ဒပြသူများထံမှ သွေးများကို တခါသုံး ဆေးထိုးအပ်များဖြင့် စုတ်ယူ စုဆောင်းခဲ့ခြင်း ဖြစ်သည်။ ဆန္ဒပြသူ တသိန်းကျော်ထံမှ သွေး စီစီ တသန်း (ပုလင်း ၁၀၀၀ ခန့်) ရရှိရန် မျှော်မှန်းခဲ့သော်လည်း ယနေ့ညနေပိုင်း သွေးဖြင့် ပက်ဖျန်းဆန္ဒပြချိန်အထိ သွေး စီစီ သုံးသိန်းခန့်သာ ရရှိခဲ့သည်ဟု ဘန်ကောက်ပို့စ် သတင်းစာ အင်တာနက်စာမျက်နှာတွင် ရေးသားထားသည်။
နေ့စဉ်ရက်ဆက် ဆန္ဒပြမှုများနှင့် ရင်ဆိုင်နေရသည့် ထိုင်းဝန်ကြီးချုပ် အဖိဆစ် ဝေ့ချာချီဝက အနီရောင်ဝတ် ဆန္ဒပြသူတို့၏ တောင်းဆိုချက်ကို လိုက်လျောမည် မဟုတ်ကြောင်း ယမန်နေ့က ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားလိုက်သည်။
ယနေ့တွင်လည်း ၀န်ကြီးချုပ်က ဘန်ကောက်မြို့တော်တွင် ရောက်ရှိနေသည့် အနီရောင်ဝတ် ဆန္ဒပြသူတို့ အိမ်ပြန်လိုပါက အစိုးရက စီစဉ်ပေးနိုင်ကြောင်း ပြောကြားခဲ့သည်ဟု ဘန်ကောက်ပို့စ် အင်တာနက်စာမျက်နှာတွင် ဖော်ပြထားသည်။
ဆန္ဒပြသူများသည် ထိုင်း ၀န်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ကို ထောက်ခံသူများဖြစ်သည်။ မကြာသေးမီက မစ္စတာ သက်ဆင်နှင့် ၎င်း၏ ဇနီး ပိုင်ဆိုင်သော ဘတ်ငွေ ၄၆ ဘီလီယံကို တရားရုံးချုပ်၏ အမိန့်အရ အစိုးရက သိမ်းလိုက်ပြီးနောက် အနီရောင် ၀တ်သူများ၏ ဆန္ဒပြမှုများ ပိုမို ပြင်းထန်လာသည်။
မစ္စတာ သက်ဆင် အာဏာရှိစဉ်က သူ့ကို ကန့်ကွက်သူများမှာ အ၀ါရောင်ဝတ် ဆန္ဒပြသူများဖြစ်သည်။ ၎င်းတို့က မစ္စတာ သက်ဆင် ပြုတ်ကျစေရန် ဘန်ကောက်မြို့တွင် ဆန္ဒပြပွဲကြီးများ ပြုလုပ်ခဲ့ကြဖူးသည်။
မစ္စတာ သက်ဆင် နှင့် ၎င်းကို ထောက်ခံသည့် မစ္စတာ စမတ်၊ မစ္စတာ ဆုမ်ချိုင်း စသည့် ၀န်ကြီးချုပ် သုံးယောက် အာဏာ လက်လွှတ်သွားပြီးနောက် လက်ရှိ ၀န်ကြီးချုပ် အဖိဆစ် ဝေ့ချာချီဝ အာဏာရလာခြင်း ဖြစ်သည်။
လက်ရှိ ၀န်ကြီးချုပ်သည် အာဏာရလာချိန်မှစ၍ အနီရောင်ဝတ် ဆန္ဒပြသူတို့ ပြင်းထန်စွာ ဆန့်ကျင်ကန့်ကွက်မှုကို ရင်ဆိုင်ခဲ့ရသည်။
ထိုင်းအစိုးရက ဤဆန္ဒပြပွဲတွင် ထိုင်းနိုင်ငံသားများကိုသာ ခွင့်ပြုထားသည်။ အနီရောင်ဝတ် ဆန္ဒပြသူများ ကြားတွင် မြန်မာ၊ ကမ္ဘောဒီးယား၊ လာအိုနိုင်ငံတို့မှ အလုပ်သမားများကို စစ်ဆေး တွေ့ရှိပါက ထောင်ဒဏ် ၅ နှစ်နှင့် အလုပ်ရှင်အား ဘတ်ငွေ တသိန်း (ကျပ် သိန်း ၃၀ ဝန်းကျင်) ပြစ်ဒဏ် ချမှတ်မည် ဖြစ်ကြောင်း အစိုးရက ကြေညာထားသည်။
အလုပ်သမားများကို နေ့တွက်စရိတ် ပေးပြီး ဆန္ဒပြရန် စေခိုင်းမှုများ မပေါ်ပေါက်စေရေးအတွက် ထိုသို့ တားမြစ်ခြင်း ဖြစ်သည်ဟု သိရသည်။ |
|
|
|
|
<< Start < Prev 1 2 3 4 5 6 7 8 9 10 Next > End >>
|
|
Page 1 of 223 |