| ပျော်ရွှင်ခြင်းကို ရွေးချယ်ပါ |
|
|
|
| စာပေ - ဆောင်းပါး | |||
| Written by မျိုးချစ် | |||
| Saturday, 04 July 2009 01:55 | |||
|
Selma လို့ခေါ်တဲ့ အမျိုးသမီးတစ်ဦးဟာ ခင်ပွန်းနဲ့ အဖော်ပြုပြီးသဲကန္တာရတစ်ခုမှာရှိတဲ့ ကြည်းတပ် လေ့ကျင့်ရေးစခန်းကို လိုက်ပါသွားခဲ့ရတယ်။ သူ့ပတ်ဝန်းကျင်မှာလည်း အင်္ဂလိပ်စကားမတတ်တဲ့ မက်စီကိုနဲ့ အင်းဒီးယမ်း လူမျိုးတွေပဲ ရှိတာကြောင့် သူအဖော်မဲ့နေခဲ့တယ်။ "တဲအိမ်ပြတင်းပေါက်ကနေ အပြင်ကို လှမ်းမျှော်ကြည့်တဲ့ လူနှစ်ယောက်..တစ်ယောက်က ရွံ့တွေမြင်ခဲ့တယ်။ ကျန်တစ်ယောက်က ကြယ်လေးတွေကို မြင်ခဲ့တယ်" ဖခင်ရဲ့စာကို ဖတ်ပြီး သူအရမ်းရှက်ရွံ့မိတယ်။ သဲကန္တာရမှာ "ကြယ်" တွေကို ရှာဖို့ သူဆုံးဖြတ်လိုက်တယ်။ အထီးကျန်ပြီး အနေခက်တဲ့ နေရာလေးက ခုတော့ Selma အတွက် စိတ်ဝင်စားစရာ၊ အထူးအဆန်းတွေနဲ့ ပြည့်နှက်လို့ နေခဲ့ပါတယ်။ ဘယ်အရာတွေက Selma ကို ပြောင်းလဲစေခဲ့သလဲ? သဲကန္တာရက သူ့ကို မပြောင်းလဲခဲ့သလို နယ်ခံ အင်းဒီးယမ်းတွေလည်း သူ့ကို မပြောင်းလဲစေခဲ့ပါဘူး။ ပျော်ရွှင်ခြင်းနဲ့ စိတ်ဆင်းရဲခြင်းက အမွှာညီအစ်ကိုတွေ ဖြစ်တယ်။ နွေနဲ့ဆောင်းလို့ပဲ... တကယ်လို့ နွေရာသီကို ကိုယ်နှစ်သက်တယ်ဆိုရင် ကိုယ့်အတွက် ပျော်ရွှင်ခြင်းတွေကို နွေက သယ်ဆောင်လာလိမ့်မယ်လို့ ထင်တတ်ကြတယ်။ လောကကြီးမှာ မတူတဲ့ရှုထောင့်၊ အမြင်တွေကြောင့် အကောင်း၊ အဆိုးနဲ့ ပိုင်းဖြတ်လို့မရတဲ့ အရာတွေ အများကြီးရှိတတ်ကြတယ်။ ၁၉ရာစုမှာ ဂျာမဏီစိတ်ပညာရှင် Arthur Schopenhauer က"အရာဝတ္ထုတွေက လူတွေကို အကျိုးမသက်ရောက်စေဘူး။ ဘဝက အနုပညာပါ။ ပျော်ရွှင်ခြင်း၊ မပျော်ရွှင်ခြင်းက ကိုယ့်ရွေးချယ်မှုပေါ်မှာပဲ မှုတည်ခဲ့ပါတယ်။ သေးမွှားတဲ့ စိတ်ဆင်းရဲခြင်းတွေနဲ့ ကိုယ့်မျက်လုံးအစုံကို မဖုံးအုပ်ထားရင်... နာကျည်းခြင်းတွေနဲ့ ကိုယ့်စိတ်ဝိညာဉ်ကို မဖိထားရင် ... ပျော်ရွှင်ခြင်းတွေက ကောင်းကင်ပေါ် ပက်ကြဲထားတဲ့ ကြယ်လေးတွေလို့ ကျွန်မတို့ရဲ့ ဘဝထောင့်ချိုးတိုင်းမှာ လင်းလက်နေတယ်ဆိုတာ တွေ့ရပါလိမ့်မယ်။ ဖခင်ရဲ့စာထဲကနေ သူစိတ်ဆင်းရဲရတဲ့ရင်းမြစ်ကို Selma ရှာတွေ့ခဲ့တယ်။ ပျော်ရွှင်ခြင်းကို ယူမလား? လက်လွတ်မလား? ကိုယ့်ရွေးချယ်မှုနဲ့ပဲ ဆိုင်ပါတော့တယ်။ -- ရေးသားသူ - အမည်မသိ ပေးပို့သူ - David
Set as favorite
Bookmark
Email This
Hits: 309 Comments (0)
![]() Write comment
|







