|
2009 June တစ်ရက်နေ့မှစ၍ယနေ့ထိ န အ ဖ နှင့် D K B A တပ်များပူးပေါင်းပြီး K N U တပ်မဟာ ( 7 ) အားဝင် ရောက်တိုက်ခိုက်ရာတွင် ဒါဏ်ရာရစစ်သည်များအား ထိုင်းနယ်ခြား စောင့်တပ်များမှ လူသားခြင်းစာနာမှုဖြင့် ထိုင်းနိုင်ငံ မဲ ဆောက်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပါတယ်။
K N U ဖက်မှလည်း အနှောက်အယှက် တစ်စုံတစ်ရာမျှ မပြုလုပ်ခဲ့ပါ ။
မဲ ဆောက်ဆေးရုံတွင် န အ ဖ နှင့် D K B A စစ်သားများအတွက်လူနာစောင့်မရှိပါ။ သို့သော်လည်း K N U အသိုင်း အဝန်း မှမျိုးချစ်ပုဂ္ဂိုများသည် ဒါဏ်ရာရ မိမိစစ်သားများသာမက D K B A နှင့် န အ ဖ စစ်သားများ ကိုပါပြုစုစောင့်ရှောက်ပေး ခဲ့ပါတယ် ။
ဤဖြစ်ရပ်မှန်ကို တွေ့မြင်ရသောကျမအဖို့ ခေါင်းထဲမှာအတွေးပေါင်းများစွာ ၊ ခံစားချက်ပေါင်းများစွာဖြင့်ရေးသားတင်ပြလိုက်ပါတယ် ။
တစ်ခုလောက်မေးချင်ပါတယ် ။ ဘာ့ကြောင့်ကျမတို့ကရင်အမျိုးသားများရဲ့ဘဝတွေဒီလိုဖြစ်နေရ ပါသလဲ ။
ကရင် တမျိုးသားလုံးဖြေရမည့်မေးခွန်းဖြစ်ပါတယ် ။
ဒီစစ်အာဏာရှင်စနစ်ဆိုးကြောင့် ကျမတို့ ကရင်အမျိုးသားတွေရဲ့ဘဝပေါင်း မြောက်များစွာ ပျက်ဆီးဆုံးရှုံးခဲ့ပါတယ် ။
ယ္ခုလက်ရှိ ဖြစ်နေတာ ကိုပဲကြည့်လေ ။ ကျမတို့ ကရင်အမျိုးသားအချင်းချင်း မျက်နှာအိုးမဲသုတ်ပြီး သတ်ခိုင်းနေကြတယ် ။
မသေပဲ ဒါဏ်ရာရသူတွေကျပြန်တော့လည်းတာဝန်ယူခြင်းမရှိပဲ ဖြစ်ချင် ရာဖြစ်ဆိုပြီးပစ္စလက္ခလွှဲပေးလိုက်တယ် ။
ဒီလုပ်ရပ်ဟာတရားသလား ။ မှန်ကန်ပါသလား ။ လူသားတွေပါ ။ ကျမတို့က ရင်အမျိုးသားတွေပါ ။ ကြည့်ရက်ကြပါသလား ။ ကျမတို့ကတော့မကြည့်ရက်နိုင်ပါဘူး ။
ကရင်အမျိုးသားရေးသည် ကရင်အမျိုးသားတိုင်းမှာတာဝန်ရှိပါတယ် ။
ဒီစစ်အာဏာရှင်စနစ်ဆိုးကြောင့် ကျမတို့ ကရင်အမျိုးသားများသာမက တိုင်းရင်းသားပြည်သူလူထုများ ၊ အလုပ်သမားများ ၊ လယ်သမားများ၊ သံဃာတော်များပါ မကျန် ဒုက္ခအမျိုးမျိုးနဲ့ ရင်ဆိုင်နေရတာ ကမ္ဘာကတောင် သိပါတယ် ။
အဲ့ဒါကြောင့် ဒီဖြစ်ရပ်မှန်ကို ဖတ်ရူ ကြည့်ရူရသူများ အားလုံး အမှန်တရားအတွက်ရဲဝံ့စွာရပ်တည်ပြီး ပြတ်ပြတ်သားသား ဆန့်ကျင်တော်လှန်သွားကြရန်တိုက်တွန်းနှိုးဆော် လိုက်ပါတယ် ။
ကူညီပြုစုခဲ့သည့် သက်သေအထောက်အ ထားပုံများ
 ဤပုံသည် ထီးချဖီး (ခေါ် ) နော်ပေါ် ဆိုသူ K N L A တပ်မှ တပ်ရင်းမှုး တဦး၏ ဇနီးသည်တစ်ဦးဖြစ်ပါတယ် ။
သူမပြောခဲ့တာကတော့ အရင်တုန်းက ကျမတို့ဟာအတူတူနေလာခဲ့ကြတဲ့သူတွေဖြစ်ပါတယ် ။ အခုဒီလိုတွေ့ရ တာစိတ်မကောင်းပါဘူး ၊ ကိုယ့်အမျိုးသားအချင်းချင်းပဲလေ ခွဲခြားလို့မရပါဘူး ။

ဒီပုံဟာ D K B A ဗသာဖြိုး နှင့်ဇနီးဖြစ်သူ နန်းအမီ ကို ထီးချာဖီး သွားရောက်အားပေးတဲ့အချိန်မှာ နန်းအမီ ကဤကဲ့သို့ပြောပါတယ် ။
"ဒီလိုထိမှကောင်းတယ် နောက်ဘယ်တော့မှသွားလို့မရတော့ဘူး ဒီအလုပ်လုပ်တာကျမမကြိုက်ဘူး ။ ကိုယ်အတွက်လည်းအကျိုးမရှိ ၊ ကိုယ့်အမျိုးသားအတွက် လည်းဘာမှအကျိုးမရှိဘူး"
ဗသာဖြိုး သည်ယ္ခင်က ကော့ညင်း ကျေးရွာတွင် ကျေးရွာကာကွယ်ရေးလုပ်ခဲ့တယ် ။ 2000 နှစ် K N L A တပ်ရင်း 19 သို့ကူးပြောင်းခဲ့တယ် ။2004 ခုနှစ်တွင် D K B A သို့ကူးပြောင်းပြီးယနေ့ထိ သူလုပ်ခဲ့ပါတယ် ။
 ဤပုံသည် ဆရာမ အက်စတာ ဖြစ်ပါတယ် ။ ဒါဏ်ရာရကရင်အမျိုးသားများကို အားလုံးကိုကူညီခဲ့သူ ဖြစ်ပါတယ် ။
 ဤပုံသည် ဆရာမ နော်ဘလေး ဖြစ်ပါတယ် ။ ဒါဏ်ရာရကရင်အမျိုးသားများကို နေ့မအားညမအား ကူညီခဲ့သူဖြစ်ပါတယ်။


ဤပုံသည် ဆရာမလေး ဒေးမူဆီ ဖြစ်ပါတယ် ။
လူသာငယ်ပေမဲ့သူ့ရဲ့ မေတ္တာစေတနာဟာအလွန်ပဲကြီးမားပါတယ် ။ ဒါဏ်ရာရလူနာများကို နေ့စဉ် အချိန်ပြည့် အနီးကပ်ပြုစုစောင့်ရှောက်ပေးခဲ့တယ် ။
လူနာများကိုရေပတ်တိုက်ပေးခြင်း ၊ လိုအပ်သည့် အစားအစာများအတွက် ကူညီဆောင်ရွက်ပေးခြင်း ၊ အားပေးစကားများပြောခြင်း ဖြင့် အကောင်းဆုံးလုပ်ဆောင်ပေးခဲ့သူဖြစ်ပါတယ် ။
ဤမျှမက K W O , K Y O မှဦးဆောင်ပြီး ကရင်အမျိုးသား လူငယ်လေးများအဖွဲ့ဖွဲ့၍ အလည့်ကျ လူနာစောင့်အဖြစ်စနစ်တကျ ဝိုင်းဝန်းကူညီဆောင်ရွက်ကြပါတယ် ။
ထို့ကြောင့်ကရင်တမျိုးသားလုံး ဤဖြစ်ရပ်မှန်ကိုကြည့်ခြင်းအားဖြင့် ကနေ့ကျမတို့ကရင်အမျိုးသားများ တာဝန်တရပ်ဖြစ်တဲ့ (ကရင်အမျိုးသားပြန်လည်သင့်မြတ်ရေး) ဆိုတဲ့တာဝန်ကြီးအတွက် ကျမတို့ဘယ်လိုလုပ်ကြမလဲ ။ ဘာလုပ်ကြမလဲ ။ လက်ပိုက်ကြည့်နေကြမလား ။ လက်ရှောင်နေကြမလား ။
တွေးမနေ ၊ ငေးမနေကြပါနဲ့တော့ ။ ကိုယ်တတ်စွမ်းသမျှယ္ခုချက်ချင်း လက်တွဲညီညီထလုပ်ကြပါလို့ တိုက်တွန်းရင်း နိဂုံးချုပ်လိုက်ပါတယ် ။
နန်းဖေါင်ခလိန်း
( K Y O ) ဒေါနမြေ
သောသီခို ဘလော့ http://thawthikho.blogspot.com/ မှကူးယူဖော်ပြသည်။
|