Home စာပေ ဝတ္တုတို
ဝတ္ထုတို
ကျွန်တော် တကယ်သေပါမည် PDF Print E-mail
User Rating: / 1
PoorBest 
စာပေ - ဝတ္ထုတို
Written by မျိုးချစ်   
Saturday, 06 March 2010 08:53
aဆေးရုံကဆင်းပြီး နောက်တနေ့ မှာပင် အမေ့ထံသို့  ကျွန်တော်သေဆုံးပြီဖြစ်ကြောင်း ကြေးနန်းရိုက်လိုက်သည်..။
̎ကျော်ကျော်ဆုံးပြီ ̎ ။ဒါပဲ။
အမေနှင့်ကျွန်တော် ဘယ်တုန်းကမှမတည့်ပါ။ မတည့်ရုံမက တခါတလေမှာ တယောက်ကိုတယောက် သေသေချာချာပင်မုန်းကြသည်ဟုဆိုရပါလိမ့်မည်။
ကျွန်တော့်မှာ အမေတယောက်ထဲရှိပေမယ့်  အမေ့မှာက သားသမီးလေးယောက်ရှိသည်။ ကျွန်တော့်အထက်က အစ်ကိုနှစ်ယောက်၊ အစ်မတယောက်။ ကျွန်တော်ကအငယ်ဆုံး။ သို့ သော် အစ်ကိုတို့ ၊အစ်မတို့ က အမေ့မှာမူလကရှိခဲ့သူများဖြစ်သည်။ အဖေနှင့်ရသည်က ကျွန်တော်တယောက်ထည်း။
̎ ငါ့သား နှစ်ပက်လောက်တော့ချနိင်တယ် ̎  အဖေဂုဏ်ယူသောစကား။ (ဆက်ဖတ်ရန်)
ငါ့အနာဂတ်ပေါ်မှာ PDF Print E-mail
စာပေ - ဝတ္ထုတို
Written by မျိုးချစ်   
Saturday, 13 February 2010 04:50
နွေကူးကာလ ရောက်လုနီးတာတောင်မှ အပူချိန် တော်တော်လေး ကျနေသေးသည်။ လမ်းထိပ်က Tim Hortons ရှေ့တွင် ရပ်ရင်း လုပ်ဖော်ကိုင်ဘက်ကို စောင့်နေမိသည်။ နေရောင်ခြည် အေးအေးလေး အောက်မှ နံနက်ခင်း လေပြေနှင့်၊ လက်ထဲမှ လ္ဘက်ရည်နံ့ မွှေးမွှေးလေးရယ်က သင်းပျံ့ လတ်ဆတ် နေသည်။ အခုလို သိပ်လှသော နံနက်ခင်းလေးတွင် အလုပ်မသွားရပဲ ဒီဆိုင်လေးထဲမှာ ထိုင်လို့  သတင်းစာလေးကို အေးအေးလေး ဖတ်နေရလျှင် သိပ်ကောင်းမည်ဟု တွေးနေမိသည်။
လုပ်ဖော်ကိုင်ဘက် မောင်းလာသော ရုံးမှပေးထားသော ကားဖြူလေး ဆိုက်လာတော့ ကားထဲသို့ ၀င်ထိုင်လိုက်သည်။ ကောင်းသော နံနက်ခင်းပါလို့ နှုတ်ဆက်အပြီး သူက အစီအစဉ်တွေ ပြောပြပြီး တနေ့တာ အလုပ်စဖို့ တွက်လာကြသည်။
လူသူရှင်းသော ရပ်ကွက်လေးတခု၏ တောင်ကုန်းမြင့်ပေါ်သို့ ကားနှင့်တက်လာတော့ သံတခါးဂိတ်ကြီးကို လှမ်းမြင်နေရသည်။ သူကကားဖုန်းနှင့် အိမ်ကြီးဆီသို့ လှမ်းဆက်ပြီး တခါးဖွင့်ပေးရန်ပြောလိုက်သည်။ ဂိတ်ရှေ့ ကားဆိုက်တော့ တခါးက ညင်ညင်သာသာနှင့် အသံမမြည်ပဲပွင့်သွားသည်။ ခြံဝင်းထဲတွင် ရှားရှားပါးပါး ငှက်ပျောပင်များနှင့်အတူ Day lily, Japanese Water Iris နှင့် Marigold များမျက်စိတဆုံး၊ ဆင်ဝင်အောက်တွင် ကားရပ်ပြီး လိုအပ်သော ပစ္စည်းများ နောက်ဖုံးထဲမှ ယူနေစဉ် ခပ်လှမ်းလှမ်း ပန်းခြံထဲမှ ကျောက်တုံးတစ်တုံးမှ သီချင်းသံ ခပ်တိုးတိုး ထွက်နေ၍ အံသြပြီး ငေးကြည့်လိုက်မိသေးသည်။ တကယ်တော့ ထိုကျောက်တုံးသည် ပန်းခြံထဲတွင် ထားသော ရေစိုခံ စပီကာဖြစ်ကြောင်း နောက်တော့ သိလာရသည်။ အိမ်တွင်းမှ အဝေး ထိန်းခလုတ်နှင့် လှမ်းဖွင့်လိုက်လို့ အိမ်ရှေ့တံခါးက အလိုအလျှောက် အလိုလို ပွင့်သွားကာ အလွန်ကြီးမား ရှည်လျှားသော ဧည့်ခန်းကြီးထဲကို ရောက်လာကြသည်။ (ဆက်ဖတ်ရန်)
ဖေဖေ့ကိုချစ်တယ် PDF Print E-mail
စာပေ - ဝတ္ထုတို
Written by မျိုးချစ်   
Friday, 29 January 2010 02:02
ကျွန်မတို့နေထိုင်ရာ တိုက်ခန်းကို အချိန်မတော် ရောက်ရှိလာတဲ့ ယာဉ်ထိန်းရဲအရာရှိရဲ့ မျက်နှာအမူအရာကို မြင်လိုက်ထဲက ဆိုးဝါးတဲ့သတင်းကို ကြားရတော့မယ်ဆိုတာ သိလိုက်မိပါတယ်။
“ မစုစု ရဲ့ အဖေ ယာဉ်တိုက်မှုဖြစ်လို့ပါ..။ သူတို့မောင်းလာတဲ့ ကားကို တစ်ဖက်ကကားက ၀င်တိုက်တာပါ။ စိတ်မကောင်းပါဘူးခင်ဗျာ..။ မစုစုရဲ့ အဖေက အခြေအနေစိုးရိမ်ရလို့ အတွင်းလူနာ အနေနဲ့ဆေးရုံမှာ ထားခဲ့ရပါတယ်။ ခင်ဗျားအမေကတော့ သိပ်မစိုးရိမ်ရပါဘူး၊ ကျွန်တော် ဆေးရုံကိုလိုက်ပို့ပေးပါမယ် “ သူငယ်ချင်းဖြစ်သူ စုစုတော့မသိ။ ကျွန်မကတော့ ရဲအရာရှိရဲ့ စကားကို ကြားတစ်ချက် မကြားတစ်ချက်နဲ့ ခေါင်းထဲမှာ မူးရီဝေလာမိတယ်။
ကျွန်မနဲ့ စုစု တို့ဒီတိုက်ခန်းကို ပြောင်းလာခဲ့တာ မကြာသေးပါဘူး။ ကျွန်မတို့ LCCI ဖြေမယ်ဆိုတော့ စုစု က “ နင်..မြောက်ဒဂုံကနေ နေ့တစ်ဓူဝ ကျောင်းလာတက်ရတာ မလွယ်ဘူး.. ငါတို့စာလည်း အတူတူကျက်ရအောင် ဖေဖေသော့ပိတ်ထားတဲ့ မြို့ထဲက တိုက်ခန်းမှာ ငါတို့နှစ်ယောက် အတူနေကြမယ်.. မကောင်းဘူးလား “
ဒါနဲ့ဘဲ ကျွန်မလည်း မြောက်ဒဂုံအိမ်က ကျွန်မအခန်းလေးကို ထားခဲ့ပြီး ဒီတိုက်ခန်းမှာ စုစုနဲ့အတူ နေဖြစ်နေခဲ့တာပါ။ ဖေဖေက ပထမတော့ ကျွန်မဒီလို သွားနေဖို့ သဘောမတူဘဲ တားခဲ့ပါသေးတယ်။ ဒါပေမယ့် လုပ်ချင်တာရှိရင် မဖြစ်မနေ လုပ်တတ်တဲ့ ကျွန်မရဲ့ဥာဉ်ကြောင့် နောက်ဆုံးမှာ ဖေဖေခွင့်ပြုခဲ့ရပါတယ်။ ဖေဖေ့ကတော့ မြောက်ဒဂုံက ခြံလေးထဲမှာ ဖေဖေ့အစ်မဖြစ်သူ ကြီးကြီးနဲ့ အတူကျန်နေခဲ့ရပါတယ်။ ကျွန်မေမေက ကျွန်မငယ်ငယ်လေးထဲက ဆုံးပါးသွားသူမို့ ဖေဖေသာကျွန်မရဲ့အမေ၊ ဖေဖေသာ ကျွန်မရဲ့အမေပါ။
ကျွန်မနဲ့ စုစု ဒီတိုက်ခန်းကို ပြောင်းလာစရက်က စုစုဖေဖေနဲ့ ကျွန်မဖေဖေတို့ နှစ်ယောက် တော်တော် အလုပ်များခဲ့ရပါတယ်။ စုစုဖေဖေက မီးကြိုးတွေဆင်၊ ရေပိုက်တွေစစ်ဆေး၊ ကျွန်မဖေဖေက ဆေးတွေသုတ်၊ အခန်းကို အလှအပဆင်ပေးနဲ့ ပင်ပန်းခဲ့ကြပါတယ်။ ဖခင်နှစ်ယောက်က အခန်းလေးကို နေချင့်စဖွယ် ဖန်တီးပေးခဲ့ပေမယ့် ကျွန်မတို့ နှစ်ယောက်ကတော့ မဖျော်တတ် ဖျော်တတ်နဲ့ ဖျော်ပေးခဲ့တဲ့ကော်ဖီနဲ့ ရယ်ဒီမိတ်ကိတ်မုန့်လေးသာ ပြင်ကျွေးနိုင်ခဲ့ပါတယ်။ ကျွန်မဖေဖေ့ အကြောင်းစဉ်းစားလိုက်တော့ ဖေဖေက အသားဖြူဖြူ ပိန်ပိန်နဲ့ အမြဲလိုမျက်နှာမှာ အပြုံးပန်းကို ဆင်မြန်းထားတတ်သူ။ တစ်ခါတစ်ခါ ကျွန်မကို စိတ်မဆိုးဆိုးအောင် နောက်ပြောင်တတ်ပြီး ကျွန်မစိတ်ဆိုးသွားမှ စတာကိုရပ်သူ။ ကျွန်မအတွက် ကြက်တောင်ရိုက်ဖော်၊ ကျွန်မနဲ့ စစ်တုရင်ဆော့ဘက်၊ စဉ်းစားလိုက်ရင် ကျွန်မဘ၀မှာ ဖေဖေမပါဝင်ခဲ့တဲ့ အစိတ်အပိုင်းဆိုတာမရှိခဲ့။
လာခေါ်တဲ့ ရဲကားရဲ့အနောက်ခန်းမှာ လိုက်လာရင်း ကျွန်မ စုစုရဲ့လက်ကိုဆုပ်ကိုင် အားပေးလာခဲ့ပါတယ်။ “ အဖေသေပြီ… အဖေသေပြီ “ လို့ သူက သနားစဖွယ် တတွတ်တွတ် ရေရွတ်နေရှာတယ်။
ကျွန်မငယ်ငယ်က ဖေဖေက ကျွန်မကို သူ့ပခုံးထက်မှာ တင်ပြီး သိပ်မှအိပ်တယ်လို့ ပြောဘူးတယ်။ ကျွန်မကျောင်း ပထမဆုံးတက်တဲ့နေ့ကလည်း ဖေဖေကအပြင် ပြူတင်းပေါက်ကနေ တနေကုန်အောင် ကိုယ်ယောင်ပြ နေပေးခဲ့ရတယ်တဲ့။ ကျွန်မ ကျောင်းကပွဲမှာ ပါဝင်ကပြရတုန်းကလည်း ဖေဖေက လက်ခုတ်လက်ဝါးတီး   အားပေးနေခဲ့တာ ပြန်မြင်ယောင်နေမိတယ်။   ကျွန်မကို ဖေဖေကားမောင်း သင်ပေးတုန်းက သူသိပ်နှစ်သက်တဲ့
ကားလေးရဲ့ မှန်ကို ကျွန်မခွဲပစ်ခဲ့လည်း ဖေဖေက အပြုံးမပျက်ခဲ့။ ကျွန်မ ပြသနာတစ်ခုခုတက်ရင် ကျွန်မလက်ချောင်းတွေက ဖေဖေ့ရဲ့ ဖုန်းနံပါတ်ကို ချက်ခြင်း နှိပ်မိလျှက်သားပါဘဲ။ (ဆက်ဖတ်ရန်)
Last Updated ( Friday, 29 January 2010 02:10 )
အချစ်စစ်ဆိုသည်မှာ PDF Print E-mail
စာပေ - ဝတ္ထုတို
Written by မျိုးချစ်   
Monday, 18 January 2010 12:59
ဆေးရုံတစ်ခုလုံး အလုပ်များလွန်းနေတဲ့တစ်နေ့ မနက်ခင်း ၈နာရီခွဲ အချိန်လောက်မှာ အသက် ၈၀ အရွယ် အဘိုးအိုတစ်ယောက် ဆေးရုံကို ရောက်လာတယ်.. အရင်တစ်ပတ်က ခွဲစိတ်ထားတဲ့ သူ့လက်ပေါ်က ချုပ်ရိုးကို ပြန်ဖြေဖို့ ရောက်လာတာပါ.. သူက ဆေးရုံရောက်ရောက် ချင်းဘဲ  ကျွန်တော့ကို ပြောတယ်….
“ကိုးနာရီလောက်မှာ  အဖိုး ချိန်းထားတာလေးတစ်ခု ရှိလို့  အရင်လိုနေတယ်..
အဖိုးကို အမြန်လုပ်ပေးပါ လူလေးရယ် …”
ကျွန်တော်က သူ့နံမည် အသက် စတာတွေကို စာအုပ်ထဲရေးသွင်းလိုက်ရင်း  “  အဖိုးခနလောက်ထိုင်ပါဦးခင်ဗျာ” လို့ လှမ်းပြောလိုက်တယ်….. သူ့ဒဏ်ရာက ချုပ်ရိုးကို
ဖြေဖို့ဆိုရင် ဆရာဝန် တစ်ယောက်ယောက် အားဖို့ အနည်းဆုံးတစ်နာရီကျော်လောက်တော့စောင့်ရလိမ့်မယ်ဆိုတာ ကျွန်တော် သိတယ်… ကျွန်တော် က သူ့ရဲ့အလျှင်စလို ဖြစ်နေတဲ့ အမူအရာကြောင့် ဒီဆေးရုံမှာ လောလောဆည် အလုပ်သိပ်မများတဲ့ ကျွန်တော် ကဘဲ ကြည့်ပေးဖို့ ဆုံးဖြတ်လိုက်တယ်…
အနာကို စစ်ဆေးကြည့်တော့ အားလုံးအခြေအနေကောင်းတယ်.. အနာလဲကျက်နေပြီ … ဒါနဲ့ ကျွန်တော်က ဆရာဝန်တစ်ယောက်ကို အနာ ချုပ်ရိုး ဖြေဖို့ လိုအပ်တဲ့ ကိရိယာ
တန်ဆာပလာတွေ ယူလာဖို့ လှမ်းပြော လိုက်တယ်…   ချုပ်ရိုးဖြေနေရင်းနဲ့ ကျွန်တော်ကသူ့ကို စကား စပြောလိုက်တယ်…
“အဖိုး ဘာတွေများ အရေးတကြီး ချိန်းထားတာရှိလို့လဲ ဒီလောက်အရင်လိုနေတာ…”
“ မဟုတ်ပါဘူးလူလေးရယ်…   အဖိုး မိန်းမနဲ့ မနက်စာ အတူစားဖို့အတွက် လူနာစောင့်ရှောက်ရေးဂေဟာကို သွားမလို့ပါ… အဖိုးက  မနက်တိုင်းကို သူနဲ့အတူတူ
မနက်စာ စားနေကြလေ…..”
“အော်..     အဖိုးမိန်းမက လူနာစောင့်ရှောက်ရေးဂေဟာမှာလား …
နေမကောင်းလို့လားခင်ဗျာ…”
“အင်း.. သူက အယ်လ်ဇိုင်းမားရောဂါကြောင့်   ကုသ စောင့်ရှောက်မှုခံယူဖို့ အဲဒီမှာ ရောက်နေတာပါကွယ်..”
ကျွန်တော်က အဖိုးကို ကျီစယ်ချင်တာနဲ့
“တကယ်လို့  နံနက်စာစားဖို့ အဖိုး နည်းနည်း နောက်ကျရင်  အဖွားက အဖိုးကို စိတ်ဆိုးမှာလား”..
*“သူ က အဖိုးဘယ်သူဆိုတာကိုတောင် မသိတော့ပါဘူးကွယ်….  အဖိုးကို မမှတ်မိတော့တာ ခုဆို ၅နှစ်လောက်တောင် ရှိပါပြီ..”*
ကျွန်တော် အတော်လေးအံ့သြသွားတယ်..   “အိုး..  ဒါနဲ့တောင် အဖိုးက မနက်တိုင်း မနက်တိုင်း မနက်စာအတူ စားဖို့သွားနေသေးတယ်နော်..အဖိုး ဘယ်သူ ဘယ်ဝါ
ဆိုတာကိုတောင် သူက မမှတ်မိတော့ဘဲနဲ့များ…”
 အဖိုးအိုက ပြုံးလိုက်တယ်….   ပြီးတော့ ကျွန်တော့လက်ကို အသာအယာ ဆုပ်ကိုင်လိုက်ပြီးတော့ ပြောတယ်..
*” သူအဖိုးကို မသိတော့တာ မှန်ပါတယ်…. ဒါပေမဲ့ အဖိုးက သူဘယ်သူဆိုတာ သိနေသေးတယ်လေ” *
အဖိုးအို စကားကြောင့် ကျွန်တော့ရင်ထဲမှာ တစ်စုံတစ်ခုကို ပြင်းပြင်းထန်ထန် ခံစားလိုက်ရသလို ဖြစ်သွားတယ်…  အဖိုးအိုရှေ့မှာ မျက်ရည် မကျမိအောင် ကျွန်တော်
ကြိုးစားပြီး ထိန်းလိုက်ရတယ်…  အဖိုးကတော့ တရွေ့ရွေ့နဲ့ ကျွန်တော့်ရှေ့ကထွက်ခွာသွားခဲ့ပြီ..  အဖိုးရဲ့လက်နဲ့  ကိုင်သွားတဲ့ ကျွန်တော့ လက်ပေါ်က
နေရာလေးမှာ  သူ့ဆီက အနွေးဓာတ်ကလေး ခုချိန်ထိ ကျန်နေသေးသလို ကျွန်တော့်စိတ်ထဲခံစား မိတယ်…  လက်ပေါ်မှာ တင်မကပါဘူး..ကျွန်တော့်ရင်ထဲ၊ နှလုံးသားထဲမှာပါ
ကျန်နေခဲ့တာပါ… အဲဒီလိုအချစ်မျိုးဟာ ကျွန်တော့်ဘ၀တစ်လျှောက်လုံး  ရှာဖွေနေတဲ့  ကျွန်တော် လိုချင်ခဲ့တဲ့ အချစ်မျိုး၊ ကျွန်တော် တန်ဖိုးထားချင်ခဲ့တဲ့အချစ်မျိုးပါ…..
အချစ်စစ်ဆိုတာ တကယ်တော့ ရုပ်ခံစားမှု သက်သက်လဲမဟုတ်ဘူး….  စိတ်ခံစားမှု သက်သက်လဲ မဟုတ်ဘူး.. ကိုယ်ချစ်တဲ့သူက ပြန်ချစ်သည်  ဖြစ်စေ  မချစ်သည်ဖြစ်စေ ..ကိုယ့်ဘက်က အမြဲတမ်း ချစ်သွားနိုင်တဲ့ ၊ဘာကိုမှ ပြန်လည်ရရှိဖို့ မမျှော်လင့်တဲ့  အချစ်ကို အချစ်စစ်ပါ လို့ဆိုရင် စာဖတ်သူများ လက်ခံ နိုင်ပါ့မလား….. ကျွန်မတို့ တွေရဲ့ ဘ၀မှာ  *အချစ်စစ် *ဆိုတဲ့ စကားလုံးကို ခနခနသုံးစွဲဖူး၊ ပြောဖူး ကြပါ လိမ့်မယ်
…   ဒါပေမဲ့ အချစ်စစ်ဆိုတာ ဘယ်လို အရာလဲ ဆိုတာ ကိုတော့ အဓိပ္ပါယ်ဖွင့်ဆိုပုံခြင်း ၊ နားလည် လက်ခံပုံခြင်းတော့ ကွဲပြား ကြပါ လိမ့်မယ်…
ဒီ ဇာတ်လမ်းလေး ထဲက အဖိုးအိုရဲ့ အချစ်မျိုးကို အချစ်စစ်ပါလို့ ဆိုရင် သဘောတူတဲ့သူ ရှိသလို သဘောမတူတဲ့ သူတွေလဲ ရှိကောင်း ရှိပါလိမ့်မယ်….
ဘယ်လိုပင်ဖြစ်စေ မျှော်လင့်ခြင်း ကင်းတဲ့ ချစ်ခြင်း တစ်စုံကိုတော့ တန်ဖိုးထားလေးစားရမှာပါ……
ဇာတ်လမ်းလေးထဲက အဖိုးအိုရဲ့အချစ်ကို ဦးညွှတ်လိုက်ရင်းနဲ့ …စာဖတ်သူများလဲ အချစ်စစ် ကို ရှာဖွေ တွေ့ရှိ နိုင်ကြပါစေနော်….
Miss Green  ( အစိမ်းရောင်လွင်ပြင်) ဘာသာပြန်သည်...
http://missgreenlady.wordpress.com/
ဟင့်အင်း PDF Print E-mail
စာပေ - ဝတ္ထုတို
Written by မျိုးချစ်   
Thursday, 14 January 2010 03:01
ကိစ္စတစ်ခု ကြုံလာတဲ့ အခါ အဲဒီလို ကိုယ်ငြင်းဆိုချင်တာ တကယ်ပဲလား ဆိုတာ ပထမဆုံး သေချာအောင် လုပ်ပါ။ လုပ်ချင်၊ မလုပ်ချင်၊ လုပ်နိုင် မလုပ်နိုင် မသေချာ ဘူးဆိုရင် စဉ်းစားဖို့ အချိန်ဆွဲ လိုက်ပါ။ရှင် တကယ် ဟင့်အင်းလို့ ငြင်းပြီဆိုရင် ဘာကိုမှ သွယ်ဝိုက် ကွေ့ပတ်မပြောပါနဲ့။ ရှင်းရှင်းလင်းလင်း “ဟင့်အင်း” မဖြစ်နိုင်ပါဘူး။ မလုပ်နိုင်ပါဘူး။ မဟုတ်ပါဘူးလို့ ပြောပါ။
. . . . . . .
ရှင့်ဆီမှာ“ဟင့်အင်း” လို့ ငြင်းဆိုဖို့ ကိုယ်ပိုင် အခွင့်အရေး ရှိပါတယ်။ တောင်းပန်ခြင်းဟာ ရှင့်ရဲ့ ငြင်းဆိုမှုကို အားလျော့ စေရုံပဲ တတ်နိုင်တယ်။
. . . . . . .
စာရေးဆရာမ ဒွိုက်စ် ဝေါလ်တာ(Doyce Waller) ရဲ့“ဟင့်အင်းလို့ ငြင်းကြည့်ရအောင်” (Learn to say no) ဆိုသော စာတမ်း၏ ချိုမြိန် ရှတသော အရေးအသား တချို့ကို မကြာခဏ သတိရနေတတ်သည်။ အများအားဖြင့် ဝေခွဲမရအောင် ဒွိဟ ဖြစ်နေသော အချိန်တွေမှာ ဖြစ်သည်။ ပြီးတော့ စိတ်ကျရောဂါလို စိတ်ဖိစီး ခံနေရသည့် အခိုက်အတန့်တွေမှာ ဖြစ်သည်။ ဟင့်အင်းတဲ့။ ငြင်းကြည့်လိုက် စမ်းပါတဲ့။ မိန်းမသား တစ်ယောက်ကလေ။
ကျွန်တော်တို့ကား ဘ၀မှာ အကြိမ်ပေါင်း မရေတွက်နိုင်အောင် ငြင်းခဲ့ကြဖူးသူချည်းပဲ ဖြစ်ပါလိမ့်မည်။ ကျွန်တော်လည်း ငြင်းခဲ့ဖူးလှပေါ့။ မိဘတွေ အပေါ်မှာ၊ ဆရာ သမားတွေ အပေါ်မှာ၊ အပေါင်း အသင်း မိတ်ဆွေတွေ အပေါ်မှာ၊ အကြီးအကဲတွေ အပေါ်မှာ ငြင်းဆိုခဲ့ကြ၊ ဟင့်အင်းခဲ့ကြဖူးသူချည်း ဖြစ်ပါလိမ့်မည်။
သို့သော် ကျွန်တော်တို့ ငြင်းဆိုကြခြင်းမှာ အခါခပ်သိမ်း မှန်ကန်ရဲ့လား။ ငြင်းဆိုဖို့ အကြောင်းအချက် မှန်ကန်ပြီ ဆိုလျှင်လည်း ငြင်းဆိုပုံ၊ ငြင်းဆိုနည်းရော မှန်ကန်ကြ ပါရဲ့လား။ ကျွန်တော်တို့ ဘယ်လို ငြင်းဆို ခဲ့ကြပါသလဲ။
“၀မ်းနည်းပါတယ်ဗျာ” အဲသလို ပညာတတ်ဆန်ဆန်၊ သိမ်သိမ်မွေ့မွေ့ ငြင်းဆိုခဲ့ခြင်းမျိုးလား။ “မဖြစ်နိုင်လို့ပါဗျာ” ဈေးသည် တစ်ယောက်လို မပွင့်တပွင့်၊ အလျှော့အတင်း ရယူနိုင်သေးသည့် ပုံစံမျိုး ငြင်းဆိုခဲ့တာလား။ “မဟုတ်ဘူး” ဒါမျိုးလား။ ယတိပြတ် ငြင်းဆိုနည်းမျိုးကို နှစ်လိုနှစ်ခြိုက် သုံးစွဲခဲ့တာမျိုးလား။ “ဟင့်အင်း” အဲသလို သိမ်မွေ့ ပျော့ပြောင်းစွာလား။
ဘာပဲဖြစ်ဖြစ် . . .
ငြင်းဆိုပုံ၊ ငြင်းဆိုနည်း ပေါင်းမြောက်များစွာ ရှိနိုင်ပါ သည်။ လူတိုင်းကိုယ်စီမှာ ငြင်းဆိုဖို့ အကြိမ်အတော် များများ ကြုံဆုံ ခဲ့ရပေလိမ့်မည်။ ထိုအခါ တစ်ဖက်က မိမိသဘောထားကို သိရှိရန် ရည်ရွယ်ပြီး တုံ့ပြန် ပြောဆိုခြင်း ဟူသော မူလဦးတည် ချက်ကို ထမြောက်အောင် မြင်စေဖို့သာ အရေးကြီးပါ သည်။ ရိုင်းပျဖို့လည်း မလို အပ်လှပါ။ ငါ . . .သံတွေ တညံညံနှင့် ရိုဟေးညာသံ ချီဖို့လည်း မကြိုးစားသင့်ပါ။ ပြေပြေပြစ်ပြစ်ဖြစ်နိုင်လေ ကောင်းလေပင်ဟု သဘောထားနိုင်ရပါမည်။ တစ်ဖက်လူကို အလေးထားကြောင်း အသိအမှတ်ပြုသည့် အနေနှင့် ဦးခေါင်းကို မညွတ် လျှင်တောင်မှ ငဲ့စောင်းကာ မျက်နှာကြည်လင်စွာ “ဟင့်အင်း” လို့ ချောချောပြေပြေ ပြောထွက်နိုင်ဖို့ ကျွန်တော်တို့ လေ့ကျင့် ယူသင့်ပါသည်။
သို့သော် ထိုဟင့်အင်းနောက်မှာ ကပ်လျက် ပါလာနိုင်သည့် မမြင်ရသည့် ကံကြမ္မာဆိုးတွေကိုလည်း ကျွန်တော်တို့ ကြိုတင် မျှော်လင့်ထားသင့်သည်။ ဤတစ်ခွန်းတည်းသော စကားကြောင့် လက်လွှတ်ဆုံးရှုံး သွားနိုင်သည့် အခွင့်အလမ်းများ၊ အဆင်ပြေမှု များ၊ ခင်မင်နှစ်လိုမှုများ၊ ဥစ္စာဓနများ၊ ဘ၀င်ရွှေ ရောင်ဝင်းပသည့် နေ့ရက်များ၊ ရောင်စုံစက္ကူများ၊ နောက်ဆုံးပေါ် အသုံးအဆောင်များ စသည်စသည်များ။
ကမ္ဘာ တုန်ဟည်းခဲ့သော ဟင့်အင်း အချို့လည်း ရှိခဲ့ပါသည်။ အေသင် အာဏာပိုင်တွေ အပေါ် ဟင့်အင်းဟု ငြင်းဆိုခဲ့သော တွေးခေါ်ရှင်တစ်ဦးမှာ ဆော့ခရတ္တိဖြစ်လေသည်။ ထို တစ်ခွန်းတည်းသော စကားကြောင့် သူလဲလှယ် ရရှိလိုက်သော ဆုလာဒ်မှာ အဆိပ်ရည် ခွက်တစ်လုံးသာ ဖြစ်သည်။ သို့သော် သူ၏ သမိုင်းကား တင့်တယ်ခဲ့လေသည်။ အေသင် အာဏာပိုင်တွေကို လူတွေ မေ့လျောခဲ့သော်လည်း သူ၏ အမည်ကိုကား လူတွေ မမေ့လျော့နိုင်။ သမိုင်းကလည်း ရှက်ရွံ့ စိုးထိတ်စွာ သူ့ အမည်ကို မကြာခဏ ပြန်ပြန် ရွတ်ဆို နေရတော့သည်။ ဆော့ခရတ္တိ၏ “ဟင့်အင်း”သည် အလွန် တန်ဖိုးကြီးမြင့် လှသော “ဟင့်အင်း” ဖြစ်လေသည်။
ဟင့်အင်းဟူသော ငြင်းဆိုချက်ကို ကိုယ်အမူအရာ၊ နှုတ် အမူအရာ၊ အသံမြည်သံစွဲ အလင်္ကာတို့ဖြင့် အမြင့်ဆုံး ပေါင်းစပ် ပေါက်ကွဲလိုက်ခြင်း သင်္ကေတမှာ “ထွီ” ဟူသည့် တစ်လုံးတည်းသော အသံ ဖြစ်လာတော့သည်။ ထိုအသံ၌ ငြင်းဆန်ခြင်း၊ ကန့်ကွက်ခြင်း သဘောလည်းပါသည်။ ဘယ်လိုမှ မလိုက်လျောနိုင်သည့် အနိမ့်ဆုံးယတိပြတ် ပြဋ္ဌာန်းမှုလည်း ပါသည်။ ရွံ့ရှာ စက်ဆုပ်ခြင်း အနက်လည်း ပါသည်။ သည်းသည်းထန်ထန် ဆန့်ကျင်ခြင်း၊ အော့နှလုံး နာခြင်း၊ ဂယက်အနက်လည်းပါသည်။ ကမ္ဘာ ခြားသွားသော အတွေးအမြင်၊ အယူအဆတို့ကို ထုတ်ဖော်ကြေညာခြင်း အမူအရာလည်းပါသည်။
ဝီလျှံ ရှိတ်စပီးယား၏ ကမ္ဘာကျော် လီယာမင်းကြီး ပြဇာတ်၌လည်း လီယာမင်းကြီးသည် အကြိမ်ကြိမ် အခါခါ ငြင်းဆို ခဲ့လေသည်။ သူ၏ ငြင်းဆိုချက်မှာ ဟင့်အင်းဟူသော စကားလုံးထက် အရာ အထောင်မက ပြင်းထန် နက်ရှိုင်းလှလေသည်။
မူရင်း - ပေဖူးလွှာ မဂ္ဂဇင်း
<< Start < Prev 1 2 3 4 5 6 7 8 9 10 Next > End >>
Page 1 of 17
မျိုးချစ်မြန်မာ က ကြိုဆိုပါတယ်
ခုလို...အကြောင်းအမျိုးမျိုးနဲ့ 
နိုင်ငံရပ်ခြားမှာ ရောက်နေကြရပေမယ့်
အမိမြေကို လွမ်းဆွတ်ရင်း
မြန်မာတွေကို ချစ်တဲ့...
မြန်မာတွေရဲ့
မျှော်လင့်ရင်း နစ်မွန်းနေဆဲ ဘဝတွေက
လွတ်မြောက်စေချင်တဲ့စိတ်နဲ့
စာနာ နားလည် ပေးတတ်သူတိုင်း အတွက်
ရည်ရွယ်ပါတယ်။
လူအခွင့်ရေးအတွက် ဆက်တိုတ်ပွဲဝင်နေတဲ့
မျိုးချစ်မြန်မာ သူရဲကောင်းများကိုလဲ
ကျွန်တော့် အသက်ရှိနေသေးသ၍
ထောက်ခံအားပေးနေပါတယ်။
အပြုသဘောနဲ့ ဝေဖန် အကြံပေးမှုများကိုလည်း
အမြဲတမ်းကြိုဆိုပါတယ်။
"အမိမြန်မာပြည်ကြီးလဲ..
ချစ်တဲ့အမေစုနဲ့အတူ..
မကြာခင်လွတ်မြောက်နိုင်ပါစေ"
မျိုးချစ်မြန်မာ
Myo Chit Live (Webcasting)
Join Myo Chit Myanmar Fan Club
Contact Myo Chit
Myo Chit
President
Myo Chit Myanmar HD Media Production
California, USA
Phone - (310) 734-8310
Mon - Sat 10:00 AM - 7:00 PM PST
Please call only during business hour.
Can't read fonts?
Can't see Myanmar letters?
You need to install Zaw Gyi Font.
Already installed but still can't see yet?
Then you will need to remove the old fonts first.
Use both of these removers below and restart your PC.
Open C:/windows/fonts and make sure there is no ZawGyi fonts installed.
Vista user will need to install Key Board first
Download and unzip the file,
Open the folder and click on the file named setup
64 Bit version users need to choose a file accordingly
Then download and reinstall ZawGyi from below,
Then restart your PC again.
Enjoy!
Get ZawGyi Remover
Get Gtalk Add-In Remover
Get ZawGyi Blog day Version (Best)
Get ZawGyi Key Board For Vista
ဗိုလ်ချုပ်ပြောခဲ့တဲ့ စစ်သားဆိုတာ...
စစ်သားမဟုတ်ပေမယ့်
နိုင်ငံအတွက် အမျိုးမျိုးအနစ်နာခံ၊
အမျိုးမျိုးစွန့်စားလုပ်ကြတဲ့ လူတွေလည်း ရှိတာပဲ…
အဲဒါကြောင့်
စစ်သားမှ စစ်သားဆိုတဲ့
စိတ်ဓါတ်ကို ပြောင်းကြရမယ်။
ငါတို့ဟာ လက်နက်ကိုင်တွေ ဖြစ်ကြသော်လည်း
မတရားမလုပ်၊
နိုင်ငံရဲ့ ရန်သူတွေမဟုတ်၊
နိုင်ငံရဲ့ မိတ်ဆွေတွေဖြစ်တယ်ဆိုတာကို
သဘောပေါက်ရမယ်
(ဗိုလ်ချုပ်အောင်ဆန်း)
ခေတ်သစ် ဒို့ဗမာ
မြန်မာပြေသည် ဒို့ပြေ..
အောင်ဆန်းစုကြည် ဒို့အမေ…
မြန်မာစာသည် ဒို့စာ..
ခွပ်ဒေါင်းသွေးနဲ့ ရေးခဲ့တာ…
မြန်မာစကားသည် ဒို့စကား..
သန်းရွှေပြောတာမုသားပါ…
ဒို့အမေကို ချစ်ပါ..
ဘုန်းဘုန်းတွေကို စောင့်ရှောက်ပါ..
တပ်နဲ့ပြည်သူ ပူးပေါင်းပါ..
နအဖကိုတိုက်ထုတ်ပါ…
မျိုးချစ်
ငါတို့ အမေ
သံဝေဂ လင်္ကာ အသစ်
ပစ်တုန်းကလဲ တဲ့တဲ့ဘဲနော့
မြတ်သောသံယာ မရှောင်ပါဘူး
မေတ္တာချည်းနှည်း မိုက်လုံးကြီး
ပစ်ပြီးတော့လဲ မရှက်ဘဲပေါ့
ကမ္ဘာ့လယ်မှာ ဝန်မခံပါဘူး
သန်းရွှေခွေးကြီး သောက်ပြောကြီး
ဒီခွေးမသား ကံအားကောင်းစဉ် ချိန်လေးတွင်မှ
သင်္ဃန်းဝတ်ရုံ သွေးလွှမ်းခြုံခဲ့
မြင်ရာသတ်ဟ ထိုဒေါသနှင့်
နအဖတွင် ခွေးစိတ်ဝင်သည်
ငရဲပင်မေ့နေလေပြီလား
မျိုးချစ်
ပြည်သူ့သဘောထား (အစစ်)
လက်နက်အားကိုး မအေရိုး
သူခိုး အဖေခေါ်သူများအား ဆန့်ကျင်ကြ…
သာသနာတော်ပြန်လည်ထွန်းကားရေးနှင့်
သံဃာတော် များ၏ အရေးကို
သတ်ဖြတ်နှိမ်နင်းသူများအား ဆန့်ကျင်ကြ…
နိုင်ငံတော်၏ ပြည်တွင်းရေးကို
ဝင်ရောက်ကူညီ ဖြေရှင်းပေးသော
ပြည်ပနိုင်ငံများအား ဆက်သွယ်ကြ…
ပြည်တွင်းပြည်ပ ဘလော့ဂါများအား
မိတ်ဆွေစစ်အဖြစ် သတ်မှတ်လက်တွဲကြ…
မျိုးချစ်
အောင်ပွဲဆင်ဖို့ ထောင်ထဲဝင်စို့
အင်တာဗျူးများ
<a href="http://www.imeem.com/people/uC-QXqr/playlist/n2cbiqQU/interviews_music_playlist/">အင်တာဗျူးများ</a>
မျိုးချစ်၏သီချင်းများ
မြန်မာစံတော်ချိန်
C-BOX မှာ Register လုပ်ရန်
C-BOX မှာ Register လုပ်ရန်
ကျွန်တော်တို့နဲ့အတူ
ဝင်ရောက်ဆွေးနွေးလိုသူများ
သင့်အမည်ရင်း အပြည့်အစုံ နဲ့
နေထိုင်ရာ မြို့ နဲ့တိုင်းပြည်ကို ပြောပါ
သင်သုံးလိုတဲ့ user name ကို ရွေးပါ
မြန်မာလိုလဲရပါတယ်
password ကို English လို ရွေးပါ
ပြီးရင် myochitmyanmar@gmail.com ကို ပို့လိုက်ပါ
ကျွန်တော် ၂၄ နာရီအတွင်း activate လုပ်ပေးမှာပါ
registered user တွေ log in လုပ်တဲ့အခါ
သင့် user name ကို အရင်ရေးထည့်လိုက်ပါ
ပြီးမှ profile ကိုနှိပ်လိုက်ပါ
ပြီးရင် password ကိုထည့်လိုက်ပါ
ဒါပါဘဲဗျာ လွယ်ပါတယ်နော်…
အားလုံးကို ကျေးဇူးအထူးတင်ပါတယ်
မျိုးချစ်
Got G-Talk!
ZawGyi Converter
Visiting from another computer?
Can't read or install Zaw Gyi?
Just copy the letters you can't read
then paste them into this box
Wala!!!  :P
Enjoy!
စကားပြောခန်း
Watch DVB (Live)
DVB ရုပ်မြင်သံကြားအစီအစဉ် ကို လေလှိုင်းပေါ်မှနှင့် တစ်ပြိုင်ထဲ ကြည့်ရှုအားပေးနိုင်ကြပါပြီ
ဒါပေမယ့် အကြောင်းအမျိုးမျိုးကြောင့် အသံဖွင့်ပြီး နားမထောင်နိုင်သူများ အတွက် အသံကို ပိတ်ထားပါတယ်
အသံပါနားဆင်ချင်သူများကတော့ Mute Button လေးကို နှိပ်ပြီး Unmute လုပ်လိုက်ယုံပါဘဲ
Full Screen နဲ့ကြည့်ချင်တဲ့သူတွေ ဒီ Screen လေးပေါ်မှာ Right Click လုပ်ပြီး Zoom ကနေ Full Screen ကိုရွေးလိုက်ပါ
Click HERE to go to direct url.
အဆင်ပြေကြမယ်လို့ထင်ပါတယ်
မျိုးချစ်
ပြန်လည်ရှာဖွေရန်
မဂ္ဂဇင်းများ
မြန်မာ့ရေးရာ သတင်းဌာနများ
အနုပညာ ကွန်ယက်များ
ဘာသာရေး စာမျက်နှာများ
ပရဟိတ အဖွဲ့အစည်းများ
နည်းပညာဆိုင်ရာများ
မိတ်ဆွေ Blogger များ
Web Dictionary
Mr. Creator ၏ ထိုးနှက်ချက်များ
မျိုးချစ်မြန်မာ ရဲ့ ဧည့်သည်ဦးရေ
ကမ္ဘာတဝှန်းမှ မိတ်ဆွေများ
ခုဘယ်သူတွေရှိနေသလဲ
သိနေတယ်လေ