Home
Unforgettable 7th July PDF Print E-mail
Saturday, 04 July 2009 11:55

Please click on photo to ENLARGE

 
နှင်းဆီပန်းအ၀ါရောင် ရင်ဘတ်တွင်ထိုးသောကြောင့် အကြမ်းဖက်ဝင်ဖမ်း PDF Print E-mail
Saturday, 04 July 2009 11:49

ဇူလိုင် ၃ | ၂၀၀၉

ယနေ နံနက် ၁၂ နာရီ ၀န်းကျင်ခန့်တွင် ရန်ကုန်မြို့၊ အင်းစိန်ဈေးရှေ့လမ်း အင်းစိန်မီးသတ်အနီး၌ အ၀ါရောင်ပန်းများ ရင်ဘတ်တွင်ထိုးထားသည့် အမျိုးသမီးများအား စစ်အစိုးရလက်ပါးစေများက အကြမ်းဖက်ဖမ်းဆီးမှုများ ပြုလုပ်ခဲ့ကြပါသည်။
ရင်ဘတ်တွင် အ၀ါရောင်ပန်းများထိုးထားသော အမျိုးသမီး ၃ ဦးသည် အနီးပတ်ဝန်း ကျင်ရှိလူများကိုလည်း အ၀ါရောင်ပန်းများ ဝေငှနေရာ ထိုအမျိုးသမီး ၃ ဦးကို တဦးလျှင် အရပ်ဝတ် အမျိုးသမီး ၅ ဦးနှုန်းဖြင့် အတင်းဝင်ရောက်၍ ရင်ဘတ်မှပန်းများကို ဆွဲဖြုတ်ကာ အနီးတွင်ရှိနေသည့်ကားပေါ် ဆွဲတင်ဖမ်းဆီးသွား ခဲ့ကြပါသည်။
ထို အမျိုးသမီး ၃ ဦးမှာ ကြည့်မြင်တိုင်မြို့နယ်နေ မကြည်ကြည်ဝင်း၊ စမ်းချောင်းမြို့နယ်နေ မတင်တင်ဝင်း၊ အကျဉ်းကျနေသော သာကေတမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုးမြင့်၏ဇနီး ဒေါ်စန်းနွဲ့တို့ဖြစ်ကြသည်။ မကြည်ကြည်ဝင်းက ဘာဖြစ်လို့ဖမ်းရတာလဲလို့ ပြန်လည်မေးမြန်းနေသည့်အခါ နှင်းဆီအ၀ါထိုးလို့ဖမ်းတာဟု ပြောဆိုပြီး၊ ရင်ဘတ်မှ ပန်းများကို ဆွဲဖြုတ်ကာ အ၀ါရောင် နှင်းဆီပန်းများ အားလုံးကိုလည်း သိမ်းသွားကြောင်း သိရပါသည်။
ထို့နောက် ပြန်လှန်ပြောဆိုသော မကြည်ကြည်ဝင်းကိုထားခဲ့ကာ မတင်တင်ဝင်းနှင့် ဒေါ်စန်းနွဲ့တို့ကို အရပ်ဝတ်အမျိုးသမီးများက အုပ်လိုက်ဝိုင်း၍ ဖမ်းဆီးသွားကြသည်။

အ၀ါရောင်ဘက်တော်သား

 
ပျော်ရွှင်ခြင်းကို ရွေးချယ်ပါ PDF Print E-mail
Saturday, 04 July 2009 01:55

Selma လို့ခေါ်တဲ့ အမျိုးသမီးတစ်ဦးဟာ ခင်ပွန်းနဲ့ အဖော်ပြုပြီးသဲကန္တာရတစ်ခုမှာရှိတဲ့ ကြည်းတပ် လေ့ကျင့်ရေးစခန်းကို လိုက်ပါသွားခဲ့ရတယ်။
ခင်ပွန်းဖြစ်သူ စစ်ရေးလေ့ကျင့်နေချိန်မှာ သူတစ်ယောက်တည်း သံထည်တွေနဲ့ ဆောက်ထားတဲ့ တဲအိမ်ငယ်မှာ ကျန်ရစ်ခဲ့ရတယ်။
ရှားစောင်းပင်အရိပ်အောက်မှာတောင် ၅ဝံC ကျော်တဲ့ အပူချိန်ကို သူမခံနိုင်ခဲ့ဘူး။

သူ့ပတ်ဝန်းကျင်မှာလည်း အင်္ဂလိပ်စကားမတတ်တဲ့ မက်စီကိုနဲ့ အင်းဒီးယမ်း လူမျိုးတွေပဲ ရှိတာကြောင့် သူအဖော်မဲ့နေခဲ့တယ်။
ဒီလိုအပူဒဏ်နဲ့ အထီးကျန်မှုကို မခံနိုင်တဲ့အဆုံး အရာအားလုံးကို စွန့်ပြီး သူပြန်ခဲ့မယ့်အကြောင်း ဖခင်ဆီ Selma စာရေးလိုက်တယ်။
စာပို့ပြီး မကြာဘူး ဖခင်ဆီက ပြန်စာကို သူလက်ခံရခဲ့တယ်။ စာက တိုတိုလေးပဲ ရေးထားတယ်။

"တဲအိမ်ပြတင်းပေါက်ကနေ အပြင်ကို လှမ်းမျှော်ကြည့်တဲ့ လူနှစ်ယောက်..တစ်ယောက်က ရွံ့တွေမြင်ခဲ့တယ်။ ကျန်တစ်ယောက်က ကြယ်လေးတွေကို မြင်ခဲ့တယ်"

ဖခင်ရဲ့စာကို ဖတ်ပြီး သူအရမ်းရှက်ရွံ့မိတယ်။ သဲကန္တာရမှာ "ကြယ်" တွေကို ရှာဖို့ သူဆုံးဖြတ်လိုက်တယ်။
နယ်ခံလူတွေနဲ့ ရင်းနှီးအောင် သူစပြီး မိတ်ဆွေဖွဲ့တယ်။ သူတို့ရဲ့ ယက်ကန်းလုပ်ငန်း၊ အိုးလုပ်ငန်းတွေကို Selma  စိတ်ဝင်စားလာခဲ့တယ်။
သဲကန္တာရမှာ ပေါက်ရောက်နိုင်တဲ့ ရှားစောင်းပင်နဲ့ အခြားအပင်တွေကို သူလေ့လာခဲ့တယ်။ နေဝင်ဆည်းဆာ အလှတွေကို ကြည့်ရှုခံစားပြီး လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက သဲကန္တရ ပင်လယ်ဖြစ်စဉ် ကျန်ခဲ့တဲ့ ခရုသင်းခွံတွေကိုပါ သူစိတ်ဝင်စားလာခဲ့တယ်။(ဆက်ဖတ်ရန်)

 
အသိဥာဏ် + ကိုယ်ကျင့်တရား PDF Print E-mail
Saturday, 04 July 2009 01:54

တစ်ခါက အသံလွှင့်ဌာနတစ်ခုသည် စီးပွားရေးနယ်ပယ်တွင် အောင်မြင်နေသော လူငယ်တစ်ဦးကို အင်တာဗျူးလေသည်။
အင်တာဗျူး၏ နောက်ဆုံးတွင် ထုံးစံအတိုင်း မေးမြန်းသူက လူငယ်အား....

“အောင်မြင်ဖို့အတွက် ဘယ်အရာက အရေးပါဆုံးလို့ ထင်ပါသလဲ” ဟုမေးခဲ့သည်။

လူငယ်မှာ ခဏမျှစဉ်းစားပြီး အဖြေကို တိုက်ရိုက်မဖြေဘဲ အောက်ပါ ပုံပြင်ကို ပြောပြသွားခဲ့သည်။(ဆက်ဖတ်ရန်)

 
စိတ္တဇဆေးရုံ မှ ဟာသများ PDF Print E-mail
Saturday, 04 July 2009 01:46

၁)

တစ်နေ့မှာ ရုတ်တရက် မိုးရွာချလာလို့ စိတ္တဇဝေဒနာသည်တွေအားလုံး အင်္ကျီ၊ ဇလုံတွေ ယူပြီး မိုးရေဆင်းချိုးကြတယ်။ ဒါပေမယ့် လူတစ်ယောက်က ရေမဆင်းချိုးဘဲ ဝရန်တာမှာ ရန်နေတာတွေ့လို့ ဆရာဝန်က "ခင်ဗျားဘာဖြစ်လို့ သူတို့နဲ့အတူ ရေမဆင်းချိုးတာလဲ" လို့ မေးလိုက်တယ်။ လူနာပြန်ဖြေလိုက်တာက...

"ကျွန်တော် ရေနွေးတဲ့အထိ စောင့်နေတာပါ" ဟူတည်း။

၂)

ဆရာဝန်က စိတ္တဇဝေဒနာသည်တွေ စိတ်အခြေအနေ တိုးတက်မှု ရှိမရှိ စမ်းသပ်ချက်တစ်ခု ပြုလုပ်ခဲ့တယ်။ ဆရာဝန်က နံရံတစ်ခုပေါ် တံခါးပေါက်ပုံဆွဲပြီး လူနာတွေကို "ဒီတံခါးပေါက် ဖွင့်နိုင်တဲ့သူကို ဒီအခန်းက လွတ်ပေးမယ်" လို့ ပြောပြီး စမ်းသပ်လိုက်တယ်။ ဆရာဝန်စကားကြားတာနဲ့ ရှိသမျှ လူတွေအားလုံး တံခါးပေါက်ကို ပြေးဖွင့်ကြတယ်။ ဒါပေမယ့် လူတစ်ယောက်က နေရာမှာတင် ထိုင်နေခဲ့လို့ ဆရာဝန်က သူ့စိတ်တိုးတက်မှုရှိပြီ ထင်ပြီး မေးလိုက်တယ်။

"ခင်ဗျား ဘာဖြစ်လို့ သူတို့လို တံခါးသွားမဖွင့်တာလဲ"

လူနာက ဆရာဝန်ကို တစ်ချက်စိုက်ကြည့်ပြီး ဖြေလိုက်ပါတယ်။

"အဲဒီတံခါးသော့က ကျွန်တော့်ဆီမှာဗျ..."

၃)

ဝေဒနာသည်တစ်ဦးက ကုတင်ပေါ်မှာ ပက်လက်လဲပြီး သီချင်းဆိုနေခဲ့တယ်။ သီချင်းဆိုရင်းဆိုရင်း ပက်လက်လှန်ဆိုနေရာက ရုတ်တရက် မှောက်ရက်လဲပြီး ဆက်ဆိုပြန်တယ်။ ဒါကို ဆရာဝန်က မြင်တော့ "ခင်ဗျား ဘာဖြစ်လို့ ဟိုလှန်ဒီလှန် လုပ်နေရတာလဲ" လို့ မေးလိုက်တယ်။

သူပြန်ဖြေလိုက်တာက "ခင်ဗျား သိပ်တုံးတာပဲ? အေဆိုက်ကုန်လို့ ဘီဆိုက်လှန်လိုက်တာပေါ့" ဟူတည်း။

၎)

ဒီတစ်ပုဒ်က "အကြောင်းရင်း" လို့ ခေါင်းစဉ်တပ်ထားပြီး ၂ဝဝ၉ ဧပြီလထုတ် အမှတ်(၇၈) ဖြစ်ရပ်မှန် စုံထောက်မဂ္ဂဇင်းက ဖတ်ရတာလေးပါ။ ကျွန်မတစ်ယောက်ထဲ ရယ်ရတာ အားမရလို့ အားလုံးဝိုင်ရယ်နိုင်ဖို့ မဂ္ဂဇင်းကတစ်ဆင့် ကူးယူဖော်ပြလိုက်ပါတယ်။

နာမည်ကျော် တက္ကသိုလ်ပါမောက္ခကြီးတစ်ဦးဟာ သူ့ရဲ့ သုတေသနလုပ်ငန်းတစ်ခုအတွက် တပည့်တစ်ချို့နဲ့အတူ ကျေးရွာတစ်ရွာကို လေ့လာရေးခရီးထွက်ခဲ့သတဲ့။ ရွာရဲ့စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ လူနေမှုဘဝတွေကို ပါမောက္ခကြီးဟာ စနစ်တကျ လေ့လာတယ်။ မှတ်သားတယ်။ မေးမြန်းတယ်။

တစ်နေ့မှာတော့.....

မွေးမြူရေးသမားတစ်ဦးနဲ့ ဆွေးနွေးနေစဉ်မှာ မွေးမြူရေးသမားက သူမွေးထားတဲ့ နို့စားနွားမတွေ လွှတ်ကျောင်းထားတာကို ကြည့်ပြီး...

"ဟို စာဥဆိုတဲ့ ကောင်မ ဘယ်သွားဦးမှာလဲ?"

"တိမ်ပြာဆိုတဲ့ ဟာမကလည်း ဟိုဘက်ခြံစည်းရိုးတိုင်ကို သွားပွတ်နေပြန်ပြီ"

"ဟဲ့ ဖြူ မြက်ကောင်းကောင်းမစားဘဲ ဘာဖြစ်လို့ တခြားကောင်မတွေကို လိုက်ဝှေ့နေတာလဲ" စသည်ဖြင့် လှမ်းလှမ်းပြီး မြည်တွန်တောက်တီးနေတယ်။ ပါမောက္ခက လယ်သမားကို အံ့သြတကြီး ကြည့်ပြီး....

"ခင်ဗျားက ခင်ဗျားနွားမတွေအားလုံး နာမည်မှတ်မိတာပဲလား" လို့ မေးလိုက်တယ်။

"မှတ်မိတာပေါ့ ဆရာကြီးရယ်။ သူတို့နာမည်မှတ်မိမှ သူတို့ကို ထိန်းရလွယ်တာ"

"တော်တယ်ဗျာ၊ ကျုပ်ကတော့ ကျုပ်တပည့်မတွေ နာမည်ကို မမှတ်မိပါဘူး"

ဒီအခါမှာ မွေးမြူရေးသမားရဲ့ ဇနီးက ဝင်ပြောတယ်။ သူမရဲ့ ပြောစကားကြောင့် ပါမောက္ခကြီးရဲ့ ဘေးက ကျောင်းသားတွေ ပြုံးစိစိ ဖြစ်သွားကြသတဲ့။

မိန်းမကြီး ပြောတာက ဒီလိုလေ...

"ဆရာကြီးက ဘယ်မှတ်မိမလဲ၊ ကျွန်မယောက်ျားလို တစ်နေ့နှစ်ကြိမ် နို့မှ မညှစ်ရဘဲ။

ပေးပို့သူ - David

 
<< Start < Prev 1 2 3 4 5 6 7 8 9 10 Next > End >>

Page 1 of 341

မျိုးချစ်မြန်မာ က ကြိုဆိုပါတယ်

ခုလို...အကြောင်းအမျိုးမျိုးနဲ့ 
နိုင်ငံရပ်ခြားမှာ ရောက်နေကြရပေမယ့်
အမိမြေကို လွမ်းဆွတ်ရင်း
မြန်မာတွေကို ချစ်တဲ့...
မြန်မာတွေရဲ့
မျှော်လင့်ရင်း နစ်မွန်းနေဆဲ ဘဝတွေက
လွတ်မြောက်စေချင်တဲ့စိတ်နဲ့
စာနာ နားလည် ပေးတတ်သူတိုင်း အတွက်
ရည်ရွယ်ပါတယ်။
လူအခွင့်ရေးအတွက် ဆက်တိုတ်ပွဲဝင်နေတဲ့
မျိုးချစ်မြန်မာ သူရဲကောင်းများကိုလဲ
ကျွန်တော့် အသက်ရှိနေသေးသ၍
ထောက်ခံအားပေးနေပါတယ်။
အပြုသဘောနဲ့ ဝေဖန် အကြံပေးမှုများကိုလည်း
အမြဲတမ်းကြိုဆိုပါတယ်။

"အမိမြန်မာပြည်ကြီးလဲ..
ချစ်တဲ့အမေစုနဲ့အတူ..
မကြာခင်လွတ်မြောက်နိုင်ပါစေ"

မျိုးချစ်မြန်မာ

Can't read fonts?

Can't see Myanmar letters?

You need to install Zaw Gyi Font.
Already installed but still can't see yet?
Then you will need to remove the old fonts first.
Use both of these removers below and restart your PC.
Open C:/windows/fonts and make sure there is no ZawGyi fonts installed.
Download and reinstall ZawGyi from below,
Then restart your PC again.

Enjoy!

Get ZawGyi Remover

Get Gtalk Add-In Remover

Get ZawGyi Blog Day Version

Get ZawGyi 2008 Vs 2.0.0.12 For XP

ဗိုလ်ချုပ်ပြောခဲ့တဲ့ စစ်သားဆိုတာ...

စစ်သားမဟုတ်ပေမယ့်
နိုင်ငံအတွက် အမျိုးမျိုးအနစ်နာခံ၊
အမျိုးမျိုးစွန့်စားလုပ်ကြတဲ့ လူတွေလည်း ရှိတာပဲ…
အဲဒါကြောင့်
စစ်သားမှ စစ်သားဆိုတဲ့
စိတ်ဓါတ်ကို ပြောင်းကြရမယ်။
ငါတို့ဟာ လက်နက်ကိုင်တွေ ဖြစ်ကြသော်လည်း
မတရားမလုပ်၊
နိုင်ငံရဲ့ ရန်သူတွေမဟုတ်၊
နိုင်ငံရဲ့ မိတ်ဆွေတွေဖြစ်တယ်ဆိုတာကို
သဘောပေါက်ရမယ်

(ဗိုလ်ချုပ်အောင်ဆန်း)

ခေတ်သစ် ဒို့ဗမာ

မြန်မာပြေသည် ဒို့ပြေ..
အောင်ဆန်းစုကြည် ဒို့အမေ…
မြန်မာစာသည် ဒို့စာ..
ခွပ်ဒေါင်းသွေးနဲ့ ရေးခဲ့တာ…
မြန်မာစကားသည် ဒို့စကား..
သန်းရွှေပြောတာမုသားပါ…

ဒို့အမေကို ချစ်ပါ..
ဘုန်းဘုန်းတွေကို စောင့်ရှောက်ပါ..
တပ်နဲ့ပြည်သူ ပူးပေါင်းပါ..
နအဖကိုတိုက်ထုတ်ပါ…

မျိုးချစ်

သံဝေဂ လင်္ကာ အသစ်

ပစ်တုန်းကလဲ တဲ့တဲ့ဘဲနော့
မြတ်သောသံယာ မရှောင်ပါဘူး
မေတ္တာချည်းနှည်း မိုက်လုံးကြီး

ပစ်ပြီးတော့လဲ မရှက်ဘဲပေါ့
ကမ္ဘာ့လယ်မှာ ဝန်မခံပါဘူး
သန်းရွှေခွေးကြီး သောက်ပြောကြီး

ဒီခွေးမသား ကံအားကောင်းစဉ် ချိန်လေးတွင်မှ
သင်္ဃန်းဝတ်ရုံ သွေးလွှမ်းခြုံခဲ့
မြင်ရာသတ်ဟ ထိုဒေါသနှင့်
နအဖတွင် ခွေးစိတ်ဝင်သည်
ငရဲပင်မေ့နေလေပြီလား

မျိုးချစ်

ပြည်သူ့သဘောထား (အစစ်)

လက်နက်အားကိုး မအေရိုး
သူခိုး အဖေခေါ်သူများအား ဆန့်ကျင်ကြ…

သာသနာတော်ပြန်လည်ထွန်းကားရေးနှင့်
သံဃာတော် များ၏ အရေးကို
သတ်ဖြတ်နှိမ်နင်းသူများအား ဆန့်ကျင်ကြ…

နိုင်ငံတော်၏ ပြည်တွင်းရေးကို
ဝင်ရောက်ကူညီ ဖြေရှင်းပေးသော
ပြည်ပနိုင်ငံများအား ဆက်သွယ်ကြ…

ပြည်တွင်းပြည်ပ ဘလော့ဂါများအား
မိတ်ဆွေစစ်အဖြစ် သတ်မှတ်လက်တွဲကြ…

မျိုးချစ်

အောင်ပွဲဆင်ဖို့ ထောင်ထဲဝင်စို့

မျိုးချစ်၏သီချင်းများ

အင်တာဗျူးများ

<a href="http://www.imeem.com/people/uC-QXqr/playlist/n2cbiqQU/interviews_music_playlist/">အင်တာဗျူးများ</a>

မြန်မာစံတော်ချိန်

C-BOX မှာ Register လုပ်ရန်

C-BOX မှာ Register လုပ်ရန်

ကျွန်တော်တို့နဲ့အတူ
ဝင်ရောက်ဆွေးနွေးလိုသူများ
သင့်အမည်ရင်း အပြည့်အစုံ နဲ့
နေထိုင်ရာ မြို့ နဲ့တိုင်းပြည်ကို ပြောပါ
သင်သုံးလိုတဲ့ user name ကို ရွေးပါ
မြန်မာလိုလဲရပါတယ်
password ကို English လို ရွေးပါ
ပြီးရင် myochitmyanmar@gmail.com ကို ပို့လိုက်ပါ
ကျွန်တော် ၂၄ နာရီအတွင်း activate လုပ်ပေးမှာပါ
registered user တွေ log in လုပ်တဲ့အခါ
သင့် user name ကို အရင်ရေးထည့်လိုက်ပါ
ပြီးမှ profile ကိုနှိပ်လိုက်ပါ
ပြီးရင် password ကိုထည့်လိုက်ပါ
ဒါပါဘဲဗျာ လွယ်ပါတယ်နော်…
အားလုံးကို ကျေးဇူးအထူးတင်ပါတယ်

မျိုးချစ်

Got G-Talk!

ZawGyi Converter

Visiting from another computer?

Can't read or install Zaw Gyi?

Just copy the letters you can't read
then paste them into this box

Wala!!!  :P

Enjoy!

စကားပြောခန်း


ပြန်လည်ရှာဖွေရန်

မဂ္ဂဇင်းများ

မြန်မာ့ရေးရာ သတင်းဌာနများ

အနုပညာ ကွန်ယက်များ

ဘာသာရေး စာမျက်နှာများ

ပရဟိတ အဖွဲ့အစည်းများ

မိတ်ဆွေ Blogger များ

Web Dictionary

Mr. Creator ၏ ထိုးနှက်ချက်များ

မျိုးချစ်မြန်မာ ရဲ့ ဧည့်သည်ဦးရေ

ကမ္ဘာတဝှန်းမှ မိတ်ဆွေများ

ခုဘယ်သူတွေရှိနေသလဲ

သိနေတယ်လေ